ဆီမီးပွဲအတွက် အကောင်းဆုံးကြိုးစားမည်ဟု အောင်ကောင်းမာန် ပြောကြား

ဆီမီးပွဲအတွက် အကောင်းဆုံးကြိုးစားမည်ဟု အောင်ကောင်းမာန် ပြောကြား
Photos : Nyi Nyi Soe Nyunt
Photos : Nyi Nyi Soe Nyunt
Published 3 December 2019

 

ကမ္ဘောဒီးယားနှင့် အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး အောင်ကောင်းမာန်က ဆီမီးဖိုင်နယ် ပွဲအတွက် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အောင်ကောင်းမာန်က '' နောက်ဆုံးပွဲမှာ နိုင်ပွဲရယူပြီး အုပ်စုပထမနေရာရပါ ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံမယ်ဆိုတာ မပြောနိုင်သေးပေမယ့် ခက်ခဲမှာသေချာပါတယ်။ ဆီမီးပွဲအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ ဆီမီးပွဲမတိုင်ခင် ပြင်ဆင်ချိန်ရပါသေးတယ်''ဟု ပြောကြားခဲ့သည်။ 

အောင်ကောင်းမာန်သည် မြန်မာယူ-၂၂ အသင်းအတွက် အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဆီးဂိမ်းစ်အုပ်စုပွဲ(၄)ပွဲတွင် (၃)ဂိုးအထိ သွင်းယူထားသည်။

အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ (၇)ရက်တွင် ကျင်းပ မည်ဖြစ်သည်။