အိုလံပီယာကော့စ်နှင့်ပွဲမှ ဘောကောက်လူငယ်ကို အသင်း၏စားသောက်ခန်းသို့ မော်ရင်ဟို ဖိတ်ကြား

အိုလံပီယာကော့စ်နှင့်ပွဲမှ ဘောကောက်လူငယ်ကို အသင်း၏စားသောက်ခန်းသို့ မော်ရင်ဟို ဖိတ်ကြား
Photos: Getty Images
Photos: Getty Images
Published 1 December 2019

အသက် ၁၅ နှစ်အရွယ်ရှိ ကော်လမ်ဟိုင်းစ်ဆိုသူ ယင်းဘောကောက်လူငယ်မှာ စပါးအသင်းတွင်  ဘောကောက်တာဝန်ကို ကာလကြာရှည်ထမ်းဆောင်ထားသူလည်းဖြစ်သည်။

 

မော်ရင်ဟိုသည် အိုလံပီယာကော့စ်နှင့်ပွဲမှ ဘောကောက်လူငယ်ကို စပါး(၃-၂)ဘုန်းမောက်ပွဲမတိုင်မီ ပွဲကြိုစားသောက်ချိန်တွင် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

အသက် ၁၅ နှစ်အရွယ်ရှိ ကော်လမ်ဟိုင်းစ်ဆိုသူ ယင်းဘောကောက်လူငယ်မှာ စပါးအသင်းတွင်  ဘောကောက်တာဝန်ကို ကာလကြာရှည်ထမ်းဆောင်ထားသူလည်းဖြစ်သည်။

"ကလေးအတွက် ပျော်ရွှင်စရာနေ့ရက်တွေပါပဲ။ သူ့ဘဝတစ်ခုလုံးမှာ အံ့အားသင့်စရာကောင်းတဲ့  အမှတ်တရတွေ ကျွန်တော်တို့ ပေးနိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်။ သူ့ အတွက် အလွန်လှပခမ်းနားလွန်းပါတယ်" ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။ ထို့ပြင် မော်ရင်ဟိုသည် အသင်း၏အိမ်ကွင်းပွဲစဉ်တိုင်း ယခုကဲ့သို့ ပွဲကြိုစားသောက်ချိန်တွင် ဘောကောက်လူငယ်တစ်ဦးစီကို ဖိတ်ကြားသွားရန် စဉ်းစားနေကြောင်းလည်း ဝန်ခံခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်က ကစားခဲ့သည့် စပါး-အိုလံပီယာကော့စ်ပွဲတွင် စပါးအသင်းမှာ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်နေချိန်၌ စပါးအသင်း၏ညာတောင်ပံကွင်းဘေး စည်းတွင် လက်ပစ်ဘောဖြစ်ပေါ်ခဲ့ရာ အဆိုပါဘောကောက်လူငယ် လေးက သူ၏လက်တွင်ရှိသောအပိုဘောလုံးတစ်လုံးကို စပါးနောက်ခံလူ အော်ရီယေးထံ အမြန်ပစ်ပေးခဲ့သည်။ အော်ရီယေးက ညာတောင်ပံရှိ လူးကပ်စ်မော်ရာထံ ဘောလုံးကို အလျင်အမြန်ပစ်ပေးခဲ့ပြီးနောက် မော်ရာက ဂိုးစည်းထဲသို့ ချိုးပေးခဲ့ပြီး ဟာရီကိန်းက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။