အမ်မရီအား ရာထူးမှထုတ်ပယ်ခဲ့ခြင်းကို အာဆင်နယ်ကစားသမားများ ဝမ်းမြောက်နေကြောင်း Daily Mail ဖော်ပြ

အမ်မရီအား ရာထူးမှထုတ်ပယ်ခဲ့ခြင်းကို အာဆင်နယ်ကစားသမားများ ဝမ်းမြောက်နေကြောင်း Daily Mail ဖော်ပြ
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 29 November 2019

အာဆင်နယ်အသင်းကစားသမားများသည် အသင်းနည်းပြ အမ်မရီ ရာထူးမှထုတ်ပယ်ခံရခြင်းကို ဝမ်းမြောက်နေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းကစားသမားများသည် အသင်းနည်းပြ အမ်မရီ ရာထူးမှထုတ်ပယ်ခံရခြင်းကို ဝမ်းမြောက်နေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွင် ဖရန့်ဖတ်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲစုံနိုင်ပွဲပျောက်ဆုံးမှု (၇)ပွဲအထိ ရှိလာခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းဘုတ်အဖွဲ့သည် အရေးပေါ်အစည်းအဝေးပြုလုပ်ကာ နည်းပြ အမ်မရီအား ရာထူးမှထုတ်ပယ်ကြောင်း ယနေ့(နိုဝင်ဘာ ၂၉ ရက်) တွင် ကြေညာခဲ့သည်။ 

Daily Mail သတင်းစာ၏ ဖော်ပြမှုအရ အမ်မရီသည် အာဆင်နယ်နည်းပြရာထူးမှထုတ်ပယ်မခံရမီ ယနေ့နံနက်ပိုင်းက အသင်း၏လေ့ကျင့်ရေးအစီအစဉ်သို့ ပုံမှန်အတိုင်း ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

ယင်းနောက်တွင် အာဆင်နယ်အသင်းက ၎င်းအား ရာထူးမှထုတ်ပယ်ကြောင်း အကြောင်းကြားခဲ့ပြီး အမ်မရီသည် လေ့ကျင့်ရေးကွင်းတွင် အသင်းကစားသမားများကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

အာဆင်နယ်အသင်း၏ အဓိကကစားသမားအချို့သည် နည်းပြ အမ်မရီ၏ နည်းစနစ်များနှင့် အသင်း၏ပွဲစဉ်များတွင် ပွဲထွက်ကစားသမား ရွေးချယ်မှုများကို သဘောကျခြင်း မရှိသည့်အတွက် အသင်းနည်းပြရာထူးမှ အမ်မရီ ထုတ်ပယ်ခံရခြင်းကို ဝမ်းမြောက်နေခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

အာဆင်နယ်ကစားသမားများသည် အမ်မရီ ထုတ်ပယ်ခံခဲ့ရသော်လည်း ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် ယွန်းဘတ်နှင့်အတူ လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent