လေ့ကျင့်ရေးကွင်းမှ ထွက်သွားပြီးနောက် မန်ယူအသင်းမှ မာတစ် ထွက်ခွာရန် ပိုမိုနီးစပ်လာ

လေ့ကျင့်ရေးကွင်းမှ ထွက်သွားပြီးနောက် မန်ယူအသင်းမှ မာတစ် ထွက်ခွာရန် ပိုမိုနီးစပ်လာ
Photo: Getty Images
Photo: Getty Images
Published 29 November 2019

မန်ယူအသင်း၏ ဆားဘီးယားကွင်းလယ်လူ မာတစ်သည် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် (၂၄)မိနစ်သာ ပြုလုပ်ပြီးနောက် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ရာ အသင်းနည်းပြ ဆိုးလ်ရှား၏ စိတ်ဆိုးဒေါသထွက်ခြင်းကို ခံနေရပြီး သူ ၏ မန်ယူအသင်းနှင့် အနာဂတ်မှာလည်း ပိုမိုစိုးရိမ်စရာဖြစ်လာခဲ့သည်။ 

မာတစ်သည် ယင်းနေ့မတိုင်မီက ပြုလုပ်ခဲ့သည့် အသင်း၏ နှစ်ပတ်လည်ညစာစားပွဲကိုလည်း ရှောင်ခဲ့ပြီး၊ ယင်းနေ့က သူသည် ဝုလ်ဗ်အသင်း၏ အီတလီတိုက်စစ်မှူး ကူထရိုနီနှင်အတူ ညစာထွက်စားခဲ့သည်။ 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ယခုရာသီတွင် ဖရက်ဒ်-တွမ်မီနေး-ပါရဲရားတို့ အတွဲကိုသာ အသုံးပြုနေသောကြောင့် မာတစ်သည် အရန်ခုံတွင်သာထိုင်နေရ၍ စိတ်ပျက်နေကြောင်းလည်း သိရှိရသည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ မာတစ်သည် ၂၀၁၇ ခုနှစ်တွင် ချယ်လ်ဆီးအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၉၂)ပွဲတွင် (၃)ဂိုး သွင်းယူခဲ့သည်။ 

သို့သော် ယခုရာသီတွင်မူ မာတစ်သည် မန်ယူအသင်းတွင် ပွဲကစားခွင့်ပျောက်ဆုံးနေပြီး ပြိုင်ပွဲစုံ (၅)ပွဲသာ ကစားထားရသည်။