AGTI  ပထမနှစ် ဝင်ခွင့်စာရင်းများ ထုတ်ပြန်ကြေညာထားပြီး ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထား ကျောင်းအပ်နှံရမည်

AGTI  ပထမနှစ် ဝင်ခွင့်စာရင်းများ ထုတ်ပြန်ကြေညာထားပြီး ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထား ကျောင်းအပ်နှံရမည်
၁၈၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အစိုးရစက်မှုလက်မှု သိပ္ပံအဆောက်အအုံကို တွေ့ရစဉ်
၁၈၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အစိုးရစက်မှုလက်မှု သိပ္ပံအဆောက်အအုံကို တွေ့ရစဉ်
Published 26 November 2019
   လွင်မျိုးသူ

A.G.T.I ပထမနှစ် ဝင်ခွင့်ရစာရင်းများ ထုတ်ပြန်ကြေညာထားပြီး ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထား ကျောင်းအပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

A.G.T.I ပထမနှစ် ဝင်ခွင့်ရစာရင်းများကို နိုဝင်ဘာ ၂၅ ရက်က စတင်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ပထမနှစ် ဝင်ခွင့်ရရှိသူများသည် နိုဝင်ဘာ ၁၁ ရက်တွင် စတင်ကျောင်းအပ်နှံနိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်သည်။ ဒီဇင်ဘာ ၂ ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

A.G.T.I ကျောင်းများ၏ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာ အောင်လက်မှတ် ရရှိမည်ဖြစ်သည်။

 A.G.T.I သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာ တက္ကသိုလ်များတွင် တတိယနှစ်သင်တန်းသို့ ပေါင်းကူး တက်ရောက်နိုင်သည်။

A.G.T.I ကျောင်းများတွင် အဓိကအားဖြင့် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်း အင်ဂျင်နီယာ၊ စက်မှုလယ်ယာ နည်းပညာနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု နည်းပညာတို့ သင်ကြားလျက်ရှိသည်။

ဘာသာရပ်တစ်ခုလျှင် ကျောင်းသား/ကျောင်းသူ ၄၀ သာ သင်ကြားပို့ချကြောင်း သိရသည်။

ယခုနှစ်တွင် နေပြည်တော်နှင့် လွိုင်ကော်မြို့တွင် ကျောင်းနှစ်ကျောင်း တိုးချဲ့ဖွင့်လှစ်လျက် ရှိသည်။

A.G.T.I ညနေပိုင်းသင်တန်းများကို ယမန်နှစ်က အင်းစိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် မန္တလေး၌ စတင်ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။

တစ်နိုင်ငံလုံး၌အစိုးရ နည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်း၊ အစိုးရ နည်းပညာ ကောလိပ် သုံးကျောင်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ၂၇ ကျောင်း ရှိသည်။

 

 

Most Read

Most Recent