ဒေသခံများ ကန့်ကွက်မှုရှိနေသော်လည်း နမ်ပန်ငါးချောင်း ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နယ် နမ်ပန်ငါးချောင်းတွင် ခန့်မှန်းခြေ လေး မဂ္ဂဝါဝပ်ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီ မံကိန်းကို တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နမ်ပန်ငါး ချောင်းအနီးရှိ ဒေသခံကျေးရွာများက ကန့် ကွက်မှုများရှိသော်လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။
“စီမံကိန်းက မရပ်ပါဘူး။ ဒါက တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေနဲ့ ခွင့်ပြုထားတာဖြစ် တဲ့အတွက် ရပ်လို့မရပါဘူး။ ဆက်လုပ်နေပါ တယ်။ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတို့က တာဝန်ယူပြီးရှင်းပြသွားမှာပါ။ စီမံကိန်းကစလို့ အခုဆိုရင် တစ် နှစ်ဘတ်ဂျက်တောင်ပြီးသွားပြီ။ ၂၀၂၁-၂၂ လောက်မှာ ပြီးပါမယ်။ အားလုံးသုံးနှစ်ခွဲစီမံ ကိန်းဖြစ်ပါတယ်။ တစ်နှစ်ကို ခြောက်ဘီလျံနဲ့ လေးနှစ်ပေးပါမယ်။ စုစုပေါင်း ၂၄ ဘီလျံကုန် ကျမှာဖြစ်ပါတယ်”ဟု စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။
နမ်ပန်ငါး ရေအားလျှပ်စစ်စီမံကိန်းသည် နမ်ပန်ငါးချောင်း စီးဆင်းရာတစ်လျှောက် သဝန်တိုက်နယ် ကျေးရွာ ၁၂ ရွာရှိ အိမ်ခြေ ၁၅၀၀ ခန့်၊ လယ်မြေဧက ၁၅၀၀၀ ခန့်၊ စာ သင်ကျောင်းများနှင့် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများကို ရေလွှမ်းမိုးပျက်စီးစေနိုင်ပြီး ဒေသခံများအား ဆိုးကျိုးများစွာဖြစ်ပေါ်စေနိုင်သည်ဟုဆိုကာ နမ်ပန်ငါးရေအားလျှပ်စစ် စီမံကိန်းအား လုံးဝဖျက်သိမ်းပေးရန် သဝန် တိုက်နယ်ရှိ ကျေးရွာ ၁၂ ရွာမှကျေးရွာသား များက ဟုမ္မလင်းမြို့တွင် သြဂုတ်လက ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ထို့ပြင် နမ်ပန်ငါးချောင်းရေအားလျှပ်စစ် စီမံကိန်း၏ တာတမံကို ခေတ်မီနည်းပညာနှင့် တည်ဆောက်မည်ဆိုပါကလည်း နန်ပန်ငါးချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ နေရာသည် မြန်မာနိုင်ငံ၏ ငလျင်ဇုန်များပြမြေ ပုံ ( ငလျင်အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်မြေ ပုံ ၂၀၁၂) အမြင့်ဆုံးရောက်နိုင်သည့် ပြင်းထန်အားများကိုPAG တန်ဖိုးများနှင့် မာကယ်လီ အတန်းများတို့ဖြင့် ပြထားသည့် မြေပုံညွှန်း တွင် ပျက်စီးမှုများဇုန်နှင့် ပြင်းထန်ဇုန်များအတွင်း တည်ရှိနေသောကြောင့် မြေငလျင်ဒဏ် နှင့် သဘာဝဘေးအန္တရာယ်ပျက်စီးမှုများဖြစ် ပေါ်လာနိုင်မှုကို ချောင်းအနီးတစ်လျှောက်ရှိ ဒေသခံကျေးရွာများက စိုးရိမ်နေကြကြောင်းလည်း သိရသည်။
ဟုမ္မလင်းမြို့တွင် ပုဂ္ဂလိကလျှပ်စစ်ဓာတ် အားပေးစနစ်မှ လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၅၀၀ ကျော်ပေးသုံးနေရပြီး နမ်ပန်ငါးရေအား လျှပ်စစ်စီမံကိန်းအား ဒေသခံများလက်ခံနား လည်အောင်ရှင်းပြ၍ စနစ်တကျပြုလုပ်စေလို
ကြောင်းလည်း သိရသည်။
“ဟုမ္မလင်းမြို့နယ်မှာ အရင်က တဇုန်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် ကျေးရွာတွေ အများကြီးပြောင်းရွှေ့ခဲ့ရတာရှိဖူးတော့ နမ် ပန်ငါးချောင်းက ဒေသခံတွေလည်း စိုးရိမ်ကြ တာပေါ့။ ဒါပေမဲ့ အခုအစိုးရလက်ထက်မှာ တော့ ဒီလိုမျိုးတွေ မရှိနိုင်တော့ဘူး ထင်ပါ တယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ် တွေ ဝန်ကြီးတွေကိုယ်တိုင်က ဒီစီမံကိန်းကို အာမခံရှင်းပြထားတယ်လို့ သိရတယ်။ ဟုမ္မ လင်းမှာက ပုဂ္ဂလိကလျှပ်စစ်မီးကို တစ်ယူနစ် ၅၀၀ ကျော်နဲ့ ပေးသုံးနေရတာလေ။ အစိုးရ စျေးနှုန်းနဲ့ဆိုရင် ၁၅ ဆလောက် ကွာနေတာ ပေါ့။ နမ်ပန်ငါးရေအားလျှပ်စစ်ရမှ ဟုမ္မလင်း တစ်မြို့နယ်လုံး စျေးချိုချိုနဲ့ လျှပ်စစ်သုံးစွဲနိုင် မှာဖြစ်လို့ အဲဒီစီမံကိန်းကို ဒေသခံတွေ လက် ခံနားလည်အောင်ရှင်းပြပြီး ဆက်လုပ်စေချင် ပါတယ်”ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြော ကြားသည်။
နမ်ပန်ငါး ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှကျပ် ၂၄ ဘီလျံ အကုန်အကျခံပြုလုပ်သွားမည်ဖြစ် ပြီး ခန့်မှန်းခြေ လေးမဂ္ဂါဝပ်ထုတ်လုပ်နိုင်မည် ဟု သိရသည်။
မဟာဓာတ်အားလိုင်း မရောက်ရှိနိုင် သေးသော စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်း အထက်ပိုင်းဒေသများရှိ အခြားမြို့နယ်များ တွင်လည်း အသေးစား ရေအားလျှပ်စစ်စီမံ ကိန်းများကို ဦးစားပေးဆောင်ရွက်သွားရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ် နေကြောင်းလည်း သိရသည်။















