မေးရိုးကျိုးသွားခဲ့သော ဖျံသွေး ခွဲစိတ်ကုသမှု ခံယူမည်ဖြစ်ပြီး အနည်းဆုံး ၆ လ အနားယူရမည်

မေးရိုးကျိုးသွားခဲ့သော ဖျံသွေး ခွဲစိတ်ကုသမှု ခံယူမည်ဖြစ်ပြီး အနည်းဆုံး ၆ လ အနားယူရမည်
ဓာတ်ပုံ  - ကောင်းထက်အောင်
ဓာတ်ပုံ - ကောင်းထက်အောင်
Published 12 November 2019

 (၆၄) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မေးရိုးကျိုးဒဏ်ရာ ရရှိခဲ့သော ဖျံသွေး သည် ယင်းဒဏ်ကို ခွဲစိတ်ကုသမှု ခံယူသွားမည်ဖြစ်ပြီး အနည်းဆုံး ၆ လခန့် အနားယူသွားရမည် ဖြစ်ကြောင်း သိရသည်။ ဖျံသွေးသည် ယင်းဒဏ်ရာကို နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ထိုးသတ်ယှဉ်ပြိုင်ခဲ့သော ကရင်ပြည်နယ်နေ့ နောက်ဆုံးနေ့ ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ တတိယအချီတွင် မွေထိုင်း လက်ဝှေ့သမား ဖားပရပ်​၏ အမြင့်ကန်ချက်ကြောင့် မေးရိုးကျိုးသွားခဲ့ခြင်း ဖြစ်သည်။

မေးရိုးကျိုးဒဏ်ရာ ရရှိခဲ့သော ဖျံသွေးသည် တတိယအချီ ပြီးဆုံးသည်အထိ ဆက်လက် ယှဉ်ပြိုင်ခဲ့သော်လည်း စတုတ္ထအချီတွင် ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ အဆိုပါမေးရိုးကျိုးဒဏ်ရာကို ကုသရန်အတွက် ဖျံသွေးသည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဘားအံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ပြီး အကယ်ဒမီ ဆေးရုံတွင် ကုသမှုခံယူသွားမည် ဖြစ်ကြောင်းသိရသည်။

 

Most Read

Most Recent