ယခုရာသီကုန်အထိ ဂါရတ်ဘေးလ်ကို အသင်းတွင် ရှိနေစေချင်သည်ဟု ဇီဒန်း ပြောကြား

ယခုရာသီကုန်အထိ ဂါရတ်ဘေးလ်ကို အသင်းတွင် ရှိနေစေချင်သည်ဟု ဇီဒန်း ပြောကြား
Photo: AS
Photo: AS
Published 6 November 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အနည်းဆုံး ယခုရာသီကုန်အထိ အသင်းတွင် ရှိနေစေချင်သည်ဟု ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အနည်းဆုံး ယခုရာသီကုန်အထိ အသင်းတွင် ရှိနေစေချင်သည်ဟု ပြောကြားခဲ့သည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဘေးလ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး နောက်ဆုံးအချိန်တွင်မှ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ဥရောပမီဒီယာများက ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားရသည်ကို စိတ်ကုန်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဖော်ပြနေကြသည်။ 

သို့သော် ဇီဒန်းက ဘေးလ်မှာ အသင်းအတွက် အလွန်အရေးပါသည့်ကစားသမားတစ်ဦးဖြစ်ပြီး မိမိအနေဖြင့် ဘေးလ်ကို ယခုရာသီကုန်အထိ အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ဂါလာတာစာရေးနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အကြို ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇီဒန်းက "ကျွန်တော်ကတော့ ဂါရတ်ဘေးလ်ကို ယခုရာသီကုန်အထိ အသင်းမှ ဆက်ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ လူတွေက ဘေးလ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်အသင်းက ထွက်ခွာမယ်လို့ ပြောနေကြပါတယ်။ ဒါတွေ အဓိပ္ပာယ်မရှိပါဘူး။ ရီးယဲလ်မက်ဒရစ်ပရိသတ်တွေအနေနဲ့ ကစားသမားတွေကို အသင်းမှ ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဂါရတ်ဘေးလ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲကစားရာ၌ (၂)ဂိုး သွင်းယူပေးထားသည်။ 

 

Most Read

Most Recent