ကိုဗက်နေရာ အစားထိုးရန် နည်းပြ(၄)ဦးကို ဘိုင်ယန်မြူးနစ် လျာထားပြီး ၎င်းတို့၏ နံပါတ်(၁)ပစ်မှတ်မှာ ရန်းနစ်ဖြစ်သည်ဟု မီိဒီယာများ သုံးသပ်

ကိုဗက်နေရာ အစားထိုးရန် နည်းပြ(၄)ဦးကို ဘိုင်ယန်မြူးနစ် လျာထားပြီး ၎င်းတို့၏ နံပါတ်(၁)ပစ်မှတ်မှာ ရန်းနစ်ဖြစ်သည်ဟု မီိဒီယာများ သုံးသပ်
Published 5 November 2019

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြ ကိုဗက်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ပြန်လည်အစားထိုးခန့်အပ်ရန် နည်းပြ(၄)ဦးကို လျာထားပြီး ၎င်းတို့၏ နံပါတ်(၁)ပစ်မှတ်မှာ လိုက်ပ်ဇစ်အသင်း၏အားကစားဒါရိုက်တာအဖြစ် ဆောင် ရွက်နေသည့် ဂျာမန်ဝါရင့်နည်းပြဟောင်း ရန်းနစ်ဖြစ်ကြောင်း မီဒီယာများက သုံးသပ်နေကြသည်။

နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဘို်င်ယန်မြူးနစ်အသင်းလျာထားသည့်သူ(၄)ဦးမှာ ရန်းနစ်၊ အာစင်ဝင်းဂါး၊ အယ်လီဂရီနှင့် တန်ဟတ်တို့ဖြစ်ပြီး ထူးခြားသည်မှာ ပရိသတ်များကြား သတင်းကြီးနေသော မော်ရင်ဟို ပါဝင်လာမှုမရှိခြင်းပင်ဖြစ် သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ဗြိတိန်မီဒီယာများက မော်ရင်ဟိုကို ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က နှစ်သက်ခြင်းမရှိသောကြောင့်ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများသည် နံပါတ်(၁)ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် ရန်းနစ်(၆၁ နှစ်)ကို နည်းပြအဖြစ် ခန့်အပ်ရန် ပြီးခဲ့သည့်နွေရာသီကတည်းက ကြိုးပမ်းခဲ့ဖူးပြီး အောင်မြင်မှုမရရှိခဲ့၍သာ ကိုဗက်ကို ဆက် လက်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသည့် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကိုမူ ရာသီကုန်အထိသာ ကာလတိုခန့်အပ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဂျာမန်ဘာသာစကားတတ်ကျွမ်းခြင်းက အာစင်ဝင်းဂါးအတွက် အားသာ ချက်တစ်ခုဖြစ်နေသည်ဟုလည်း Guardian သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင် အေစီမီလန်နှင့် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီမှာလည်း အာစင်ဝင်းဂါးနည်းတူ ရေတိုအတွက်သာ ရည်ရွယ်ထားသူဖြစ်သည်ဟု ဆိုသည်။

အေဂျက်စ်အသင်းကို ကိုင်တွယ်နေသည့် နယ်သာလန်နည်းပြ တန်ဟတ်မှာမူ ဘောလုံးလောကတွင် ယခုမှ ထင်ရှားလာသူ ဖြစ်သော်လည်း ဘိုင်ယန်မြူးနစ်အရန်အသင်းကို (၂)နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူ များ ရေရှည်လက်တွဲရန် ချိန်ရွယ်နေသည့် နည်းပြတစ်ဦးဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

Most Read

Most Recent