နေမာကို ကြိုဆိုနေဆဲဖြစ်ကြောင်းနှင့် ပြန်လည်ခေါ်ယူမည်ဆိုပါက နေမာအတွက် လစာကိုပင် စိုက်ပေးနိုင်ကြောင်း ပီကေး ပြောကြား

နေမာကို ကြိုဆိုနေဆဲဖြစ်ကြောင်းနှင့် ပြန်လည်ခေါ်ယူမည်ဆိုပါက နေမာအတွက် လစာကိုပင် စိုက်ပေးနိုင်ကြောင်း ပီကေး ပြောကြား
Photos: Getty Images
Photos: Getty Images
Published 1 November 2019

 

ဘာစီလိုနာအသင်း၏ နောက်ခံလူပီကေးက မိမိတို့အသင်းသည် နေမာ ဘာစီလိုနာအသင်းမှ ထွက်ခွာသွားခြင်းအပေါ် စိတ်ပျက်မနေဘဲ ကြိုဆိုနေဆဲဖြစ်ကြောင်းနှင့် အသင်းကသာ ပြန်လည်ခေါ်ယူမည်ဆိုပါက နေမာအတွက် လစာငွေကိုပင် စိုက်ထုတ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ပီကေးက "ကျွန်တော်တို့အသင်းက နေမာသာ ပြန်လာချင်တယ်ဆိုရင် အမြဲကြိုဆိုနေမှာပါ။ ပြဿနာက ကျွန်တော်တို့အသင်းက ငွေအများကြီး ထပ်မသုံးနိုင်ဘူး။ ကျွန်တော်တို့က နေမာကို ဘာကြောင့် ပြန်မခေါ်နိုင်တာလဲလို့ အသင်းဥက္ကဋ္ဌကို မေးတဲ့အခါမှာလည်း သူက UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လုပ်ဖို့နည်းလမ်းကိုတောင်ပြောပြတယ်။ နေမာကို ပြန်ခေါ်ချင်တယ်ဆိုရင် ကျွန်တော်တို့က သူ့ရဲ့လစာကိုတောင် စိုက်ပေးနိုင်ပါတယ်။ သူ့ကိုခေါ်ဖို့အတွက် ကျွန်တော့်လစာကို လျှော့မယ်ဆိုရင်လည်း ကျွန်တော်ကတော့ အသင့်ပဲလို့ ပြောခဲ့တယ်။ ဒါဆိုရင် ကလပ်အသင်းရဲ့ လစာငွေအသုံးစရိတ်ကို ပြန်ကာမိပြီး UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ပြဿနာကိုလည်း ရှောင်လွှဲနိုင်မှာပါ။ နေမာကို ကျွန်တော်က PSG ကိုသွားတယ်ဆိုတာ ရွှေထောင်ချောက်ထဲကို အကျခံဖို့ သွားသလိုဖြစ်လိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူပြန်လာမယ်ဆိုရင်တော့ ကြိုဆိုနေဆဲပါပဲ"ဟု စပိန်နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုဖြစ်သည့် El Larguero နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ပီကေးက မက်ဆီနှင့် ဂရီးဇ်မန်းတို့၏ ဆက်ဆံရေးနှင့်ပတ်သက်၍လည်း မီဒီယာများက ကောလာဟလများကို ဖော်ပြနေခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

 

Most Read

Most Recent