အရေးကြီးသည့်ပွဲစဉ်များတွင်သာ ကစားလိုသည်ဟု စီရော်နယ်လ်ဒို ပြောကြား

အရေးကြီးသည့်ပွဲစဉ်များတွင်သာ ကစားလိုသည်ဟု စီရော်နယ်လ်ဒို ပြောကြား
Photos: AP & France Football
Photos: AP & France Football
Published 29 October 2019

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖြင့် အသင်းအတွက် အရေးကြီးသည့်ပွဲစဉ်များတွင်သာ ပါဝင်ကစားလိုကြောင်း ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖြင့် အသင်းအတွက် အရေးကြီးသည့်ပွဲစဉ်များတွင်သာ ပါဝင်ကစားလိုကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် France Football နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုက "တကယ်လို့ နည်းပြတစ်ယောက်လိုသာ ကျွန်တော့်မှာ ဆုံးဖြတ်ခွင့်ရှိခဲ့မယ်ဆိုရင် အရမ်းအရေးကြီးတဲ့ ပွဲစဉ်တွေမှာပဲ ကျွန်တော် ပါဝင်ကစားမှာပါ။ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်တွေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကျွန်တော် ကစားချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပွဲတွေကို ကစားဖို့ ကျွန်တော် ပိုပြီး စိတ်အားထက်သန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားပါ။ ဒါကြောင့် အသင်းက ပေးထားတာတွေကို တန်ဖိုးထားဖို့နဲ့ ပြန်လည်ပေးဆပ်ဖို့ လိုပါတယ်။ အသင်းအတွက် အမြဲတမ်း အကောင်းဆုံး ပေးဆပ်ဖို့ ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် အသက် (၃၄)နှစ် ကျော်လာပြီဖြစ်သည့်အတွက် ယခင်ကဲ့သို့ ကြံ့ခိုင်မှုအပြည့်ဖြင့် ပွဲတိုင်း ပါဝင်ကစားနိုင်ရန် မလွယ်ကူတော့ဘဲ ဂျူဗင်တပ်စ်နှင့် ပေါ်တူဂီအသင်း၏ ပွဲစဉ်အချို့တွင် အနားယူခဲ့သည်ကို တွေ့ရသည်။ 

သို့သော် စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲပါဝင်ကစားပြီး (၅)ဂိုး သွင်းယူထားသည်။ 

 

Most Read

Most Recent