‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား လက်ရှိတည်ရှိမှုအရ ဆက်ခံနေရသည့် အနေအထားဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည့်ပြည်နယ် ဖြစ်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲ၌ ဆွေးနွေးရန်လိုအပ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား လက်ရှိတည်ရှိမှုအရ ဆက်ခံနေရသည့် အနေအထားဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည့်ပြည်နယ် ဖြစ်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲ၌ ဆွေးနွေးရန်လိုအပ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 26 October 2019

” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား လက်ရှိတည်ရှိမှုအရ ဆက်ခံနေရသည့် အနေအထားဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည့် ပြည်နယ်ဖြစ်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်သမ္မတ အိမ်တော်ရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သည့် နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်များနှင ့်တွေ့ဆုံသည့် Press Briefing တွင် သတင်းထောက်တစ်ဦးက ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် နိုင်ငံတစ်ခုအတွင်း၌ နောက်ထပ်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည့်အပေါ် အစိုးရအနေဖြင့် ဘယ်လိုသဘောထားသလဲဟု မေးမြန်းမှုအပေါ် ဦးဇော်ဌေးက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဦးဇော်ဌေးက အဲဒီအတွက်တော့ ဒီဟာနဲ့ပတ်သက်လို့ အခုလက်ရှိတည်ရှိမှုအရ ဆက်ခံရတဲ့ အနေအထားဖြစ်တယ်။ နံပါတ် (၂) ကတော့ ဒါကို တရားဝင် အခွင့်အရေးရဖြစ်ဖို့။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံထားတဲ့ ပြည်နယ်ဖြစ်ဖို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးဖို့လိုတယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးပြီးရင် ချမှတ်မယ့် ဖက်ဒရယ် အခြေခံမူတွေမှာ ဘယ်ပြည်နယ်၊ ဘယ်လိုယူနစ်တွေနဲ့ ဖွဲ့မလဲဆိုတဲ့ ဟာတွေမှာ အဲဒါတွေ ပါလာမှာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နံပါတ် (၃) အနေနဲ့ အချိန်ယူရလိမ့်မယ်။ အချိန်ယူရဦးမှာဖြစ်တယ်” ဟု ပြောကြားသည်။

” ခေါင်းဆောင်များ အနေဖြင့် ပြည်ထောင်စုမှ ဘယ်တော့မျှ ခွဲမထွက်ဘူး ဆိုသည်ကို အမြဲပြောဆိုနေပြီး ပြည်ထောင်စု၏ အစဉ်အမြဲ တွဲဆက်သွားရန်အတွက် တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရန် လိုအပ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

၎င်းက တစ်ဖက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ တိုးတက်မှုတွေနဲ့ ဖက်ဒရယ်ပုံစံ ပေါ်လာပြီဆိုရင် ” ခေါင်းဆောင်တွေနဲ့ ဒီပေါ်မှာ ပေါင်းစည်းဖို့က မခက်တော့ဘူးဆိုတာ ကျွန်တော်မြင်တယ်။ ဒါက ယှဉ်တွဲပြီးသွားရမှာဖြစ်တယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမှာဖြစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အာမခံဖို့ ကျွန်တော်တို့ လုပ်ရမှာဖြစ်တယ်” ဟု ဆက်လက်ပြောကြားသည်။

Most Read

Most Recent