တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ပထမဆုံး ပေါ်ပေါက်လာမည့် မြန်နှုန်းမြင့် မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ပထမဆုံး ပေါ်ပေါက်လာမည့် မြန်နှုန်းမြင့် မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်း
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ- မင်းသန့်)
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ- မင်းသန့်)
Published 13 October 2019
နီလာ၊ ရွှန်းလဲ့ဝင်း

■ OBOR စီမံကိန်း

ရပ်ဝန်းနှင့် ပိုးလမ်းမကြီးစီမံကိန်းတွင် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်ရန်အတွက် ၂၀၁၈ ခုနှစ် နိုဝင် ဘာအတွင်းက လက်မှတ်ရေးထိုးခဲ့သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမကြီး စီမံကိန်းအောက်တွင် မြန်မာ-တရုတ်စီး ပွားရေးစင်္ကြံစီမံကိန်းလည်းတစ်ခု  အပါအဝင်ဖြစ်သည်။ တရုတ်- မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာ ချွန်လွှာကို စက်တင်ဘာ ၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌လက်မှတ် ရေးထိုးခဲ့သည်။

နားလည်မှုစာချွန်လွှာအရ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း၊ ကုန်ထုတ်လုပ်မှု စွမ်း အားနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍကြီး ၁၅ ခုတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ- တရုတ်နှစ်နိုင်ငံ ပြည်သူများ၏ လူမှုအကျိုးစီးပွား တိုးတက်ကောင်းမွန်လာစေရေးတို့ ကို အထောက်အကူပြု နိုင်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင်ဖော်ပြထားသည်။

နားလည်မှုစာချွန်လွှာအရ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ ကမ္ဘာ့ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ-တရုတ်စီးပွားရေး စင်္ကြံစီမံကိန်းတွင် အရေးပါသည့် စီမံကိန်းတစ်ခုအဖြစ်    မူဆယ်မှတစ်ဆင့် မန္တလေးအထိ ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Hong Liand ၏ပြောကြားချက်အရ မူဆယ်-မန္တလေး ရထားလမ်းသည် “The Belt & Road” နှင့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံ၏ သင်္ကေတတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံမြောက်ပိုင်းမှ အရေးကြီးသည့် မြို့နယ်များနှင့် စီးပွားရေး အချက်အချာကျသည့်နေရာများသို့ ဖြတ်သန်းမည်ဟု သိရသည်။

လက်ရှိတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရထားလမ်းချိတ်ဆက်ခြင်း စီမံကိန်းကို ဆောင်ရွက်နေသည့် အပြင် နှစ်နိုင်ငံကားလမ်း၊ လျှပ်စစ် ကွန်ရက်စသည့် ကဏ္ဍတို့တွင် ချိတ် ဆက်ခြင်းများကို စတင်အကောင် အထည်ဖော် နေကြောင်း  တရုတ်သံအမတ် Mr. Hong Liang က ပြောကြားထားသည်။

နှစ်နိုင်ငံသဘောတူထားတာက ဖြစ်မြောက်နိုင်စွမ်းလေ့လာဖို့ပေါ့။အဲဒီအတွက် One Belt, One Road အတွက်ကတော့  မီးရထားလမ်းက အစပထမဆုံးပေါ့။ကူမင်းနဲ့ ချိတ်ဆက်မှာကိုး။ ကူမင်း-ရွှေလီ-မူဆယ်- မန္တလေး စီမံကိန်း။ ကူမင်းနှင့် ရွှေလီဆက်သွယ်မယ့် ရထားလမ်းက ဖောက်နေတုန်းပဲ၊  Tunnel ဖောက်နေတုန်းပဲ။ မပြီးသေးဘူး” ဟု ဦးဌေးလှိုင်က ဆိုသည်။ မြန်မာဘက်အခြမ်းတွင်မူ ယင်းစီမံကိန်းကို စတင်နိုင်ခြင်း မရှိသေးဘဲ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများပြုလုပ်ကာ  ယင်း လေ့လာထားမှုများကို လူထုအား ထုတ်ဖော်ပြောဆိုမှုများ . . .

စီးပွားရေးစင်္ကြံအောက်မှ  ပထမဆုံး ပေါ်ပေါက်လာမည့် စီမံကိန်း

“မန္တလေး-မူဆယ်ရထားလမ်း စီမံကိန်းဟာ မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း  ရဲ့ခေါင်းစဉ်အောက်ကသွားမယ့် စီမံကိန်းတစ်ခုဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးမင်းဇော်ဦးက ပြောကြားသည်။

မူဆယ်-မန္တလေးရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းသည် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံစီမံ ကိန်းအောက်တွင် စတင်အကောင်အထည်ဖော်ပေါ်ပေါက်လာတော့မည့် စီမံကိန်းဖြစ်ကြောင်း မူဆယ်-မန္တလေး ရထားလမ်းဖြစ်မြောက်နိုင်စွမ်း လေ့လာရေး နှစ်နိုင်ငံပူးတွဲ ကော်မတီတွဲဖက်အတွင်းရေးမှူး (၁) ဦးဌေးလှိုင်က Weekly Eleven သို့ ပြောပြခဲ့သည်။

မူဆယ်-မန္တလေး ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေ လေ့လာမှု (Fesibility Study) ဆောင်ရွက်ရန်အတွက်  Memorandum of Understanding on Fesibility Study for Muse-Mandalay Railway Project ဆိုင်ရာ MoU ကို  ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ လက်မှတ်ရေးထိုးခဲ့သည်။

ရထားလမ်းဖောက်လုပ်ရေးအတွက် China Railway Group Limited (CREC) က မြေနေရာ ကွင်းဆင်းလေ့လာမှုများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်က စတင် ပြု လုပ်ခဲ့ပြီး မေလတွင် ပြီးစီးခဲ့သည်။

“နှစ်နိုင်ငံသဘောတူထားတာ က ဖြစ်မြောက်နိုင်စွမ်းလေ့လာဖို့ ပေါ့။အဲဒီအတွက် One Belt, One Road အတွက်ကတော့  မီးရထားလမ်းက အစပထမဆုံးပေါ့။ကူမင်းနဲ့ ချိတ်ဆက်မှာကိုး။ ကူမင်း-ရွှေလီ-မူဆယ်- မန္တလေး စီမံကိန်း။ ကူမင်း နှင့် ရွှေလီဆက်သွယ်မယ့် ရထားလမ်းက ဖောက်နေတုန်းပဲ၊  Tunnel ဖောက်နေတုန်းပဲ။ မပြီးသေးဘူး” ဟု ဦးဌေးလှိုင်က ဆိုသည်။

မြန်မာဘက် အခြမ်းတွင်မူ ယင်းစီမံကိန်းကို စတင်နိုင်ခြင်းမရှိ သေးဘဲ ဖြစ်မြောက်နိုင်စွမ်းလေ့လာ မှုများပြုလုပ်ကာ ယင်းလေ့လာထား မှုများကို လူထုအား ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုးမြှင့်နိုင်ရန်အတွက် တရုတ်ဘက်တွင် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် ဆက်သွယ်မည့်ရထားလမ်းစီမံကိန်း စတင်နေသည်။“တရုတ်ဘက်မှာ ရွှေလီမှာပေါ့။ ကားလမ်း၊ ရထားလမ်းတွေ  ဖောက်နေပြီ။ အဲဒါပြီးရင် ကျွန်တော်တို့ နယ်စပ်ကို ရောက်လာမယ် . . .

ရထားလမ်းစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲများ ပြုလုပ်

မူဆယ်-မန္တလေးရထားလမ်း စီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) ကို  Ever Green Tech Environmental Services and Training Co.,Ltd က ပြုလုပ်ခြင်းဖြစ်သည်ဟု သိရ သည်။

မူဆယ်-မန္တလေးရထားလမ်း စီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ခြင်း (Environmental Impact Assessment-EIA) ဆိုင်ရာ လူထုတွေ့ဆုံပွဲများကို ပြည်သူလူထုသို့ အသိပေးပြောကြားမှုများကို  မန္တ လေးမှ မူဆယ်စီမံကိန်းဖြတ်သန်းသွားမည့်ဒေသ ၂၆ နေရာ၌ ပြုလုပ်လျက်ရှိခြင်းဖြစ်သည်။

လူထုတွေ့ဆုံပွဲများကို ၂၆ ကြိမ် ပြုလုပ်ရန် သတ်မှတ်လျာထားပြီး လက်ရှိတွင် ၁၃ ကြိမ်ပြုလုပ်ပြီးဖြစ် သည်။ ပြီးခဲ့သည့်လပိုင်းက နယ်မြေလုံခြုံရေး အခြေအနေစိတ်ချရမှု မရှိသည့်အတွက် စီမံကိန်းဆိုင်ရာအ ချက်အလက်များ လူထုအသိပေးခြင်းကို ခေတ္တ ရပ်ဆိုင်းထားခဲ့ရသည်ဟု မြန်မာ့မီးရထားမှ သိရသည်။

“ဒီမူဆယ်-မန္တလေးရထား လမ်းစီမံကိန်းပြီးသွားရင် တစ်နေရာကို ကီလို ၁၆၀ နဲ့မောင်းနှင်မှာမို့ မူ ဆယ်-မန္တလေးကို သုံးနာရီနဲ့ ရောက် မှာပါ။ ဖြစ်မြောက်နိုင်ခြေလေ့လာတာကတော့ ပြီးသလောက်ရှိပါပြီ။ ပြီးလို့ ရှိရင်တော့ အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်မှာပါ” ဟု ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (အ ထက်မြန်မာပြည်)ဒုတိယအထွေ ထွေမန်နေဂျာဦးဌေးလှိုင်(မြို့ပြ) က အောက်တိုဘာ ၁၀ ရက်က မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ တွင် ပြောကြားသည်။

“ကျွန်တော်တို့ ဆန်းစစ်လေ့လာမှုအပိုင်းနဲ့ပတ်သက်ပြီး Report ကိုဒီလကုန်တင်မှာပါ။ Report ကျပြီးတာနဲ့ ပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာကို ရှေ့လကုန်လောက်မှာ တင်နိုင်အောင်ကြိုးစားနေပါ တယ်။ ဆိုလိုတာကတော့ ရှေ့လကုန်လောက်ဆိုရင် ကျွန်တော်တို့ လုပ်ငန်းစဉ်ပြီးသလောက်ဖြစ်သွား ပါပြီ။အခုလိုလူထုတွေ့ဆုံပွဲတွေကို တောက်လျှောက်လုပ်နေပေမယ့် အခက်အခဲတစ်ခုဖြစ်တာကတော့ မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေ မှာ မငြိမ်မသက်ဖြစ်တာမျိုးကြောင့် ရွှေ့ဆိုင်းရပြီး နှောင့်နှေးကြန့်ကြာ တာတွေရှိပါတယ်။ ကွတ်ခိုင်တို့၊ နမ့် ဖတ်ကာတို့ဆိုရင် အခုချိန်အထိ တစ်ကြိမ်တစ်ခါမျှ မလုပ်ရသေးဘူး” ဟု ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာဆန်းစစ်ခြင်း ဆောင်ရွက်လျက်ရှိသော Ever Green Tech ကုမ္ပဏီမှ ဒေါက်တာကျော်စွာတင့်က ပြော ကြားသည်။

ယင်းကဲ့သို့ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခြင်းအားဖြင့် ဒေသခံများ စိုး ရိမ်မှုများရှိသည်မှာ မြေယာအသုံးပြု မှုတွင် စိုက်ခင်းမြေ၊ သစ်တောမြေ များ ပါဝင်မည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“စီမံကိန်းမှာ ဒီလိုပါဝင်သွား မယ်ဆိုရင် သူတို့အနေနဲ့ ထိုက်သင့် တဲ့ နစ်နာကြေး ပြန်ပေးဖို့ အဓိက ထားပြီးစိုးရိမ်ကြတာဖြစ်ပြီး သူတို့ ဘဝအာမခံရှိဖို့ လုပ်ဆောင်ပေးစေချင်ကြတယ်” ဟု ဒေါက်တာကျော်စွာ တင့်က ဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲကို တက် ရောက်လာသည့်ဒေသခံများက စီမံကိန်းတည်ဆောက်မှုကြောင့် ပတ် ဝန်းကျင်ထိခိုက်မှုများ၊ မြေယာဆုံး ရှုံးမှုများရှိလာနိုင်သည့်အပေါ် မည် သို့ ဖြေရှင်းဆောင်ရွက်မည်ကို မေး မြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြပြီး တာဝန်ရှိသူများက စီမံကိန်းတစ်လျှောက် ဆောင် ရွက်မည့်လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်းပြောကြားမှုများ ပြု လုပ်ခဲ့ကြသည်။

ရထားလမ်းပိုင်းလျာထားချက်များမှာ လမ်းအရှည် ခန့်မှန်း ၂၅၈ မိုင်(၄၁၄ ကီလိုမီတာ)ရှိမည်ဖြစ်ပြီး လမ်းပိုင်းတွင် တံတားအစင်းရေ ၁၂၄ စင်း၊ ဥမင်လိုဏ်ခန့်မှန်း ၆၀၊ ဘူတာ ၃၆ ဘူတာနှင့် ပြေးဆွဲမည့် ရထားလမ်းအမျိုးအစားမှာ လျှပ်စစ်ရထားဖြစ်သည်။

သံလမ်းအကျယ်မှာ လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် လမ်းအနေအထားထက် နှစ်ဆခန့် ရှိကာ သံလမ်းဝင်ရိုးခံနိုင်အားမှာ ၂၅ တန်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်မူဆယ်-မန္တလေးလမ်းပိုင်း၌ မန္တလေးမှလားရှိုးအထိသာ မီးရထားလမ်းရှိပြီး  အဆိုပါမီးရထားလမ်းပိုင်းမှာ ၁၇၅ မိုင်ရှည်လျားသည်။ ယခင်က ရထားပြေးဆွဲချိန် ၁၆ နာရီခန့် ကြာမြင့်ကြောင်း ၊ ယခု စီမံကိန်းမှာမူ မူဆယ် -မန္တလေး သုံး နာရီသာ ကြာမြင့်မည့် လျှပ်စစ်ရထားလမ်းပိုင်းဖြစ်သည်။

မူဆယ်-မန္တလေးရထားလမ်း စီမံကိန်းတွင် ကွန်တင်နာရထားနှင့် လူစီးသီးသန့်ရထားဖြင့် တွဲဆိုင်းသီး သန့်ပြေးဆွဲမည်ဟု သိရသည်။

“ကုန်ရထားတွေ လူစီးတွဲတွေ ပါမယ်ဆို တော့ အကျိုးကျေးဇူးအနေ နဲ့  မူဆယ်-မန္တလေးက သုံးနာရီနဲ့ ရောက်သွားမှာပေါ့လေ။  ကုန်ပစ္စည်းတွေကလည်း များများသယ်နိုင်သွားမှာ။ ကားအစီး ၂၀ စာကို ရထားတစ်  စင်းဆိုရသွားမှာပေါ့။ ဒါတောင်မှ ရထားက တွဲ ၂၀ ပဲမို့၊ ဒါတောင်နည်းသေးတယ်။ အနည်းဆုံး ၃၀ လောက် ဆွဲရမှာ။ ရထားတစ်ခေါက်က ကား အစီး ၃၀ တစ်ခေါက်စာပေါ့လေ” ဟု မူဆယ်-မန္တလေး ရထားလမ်း ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး နှစ်နိုင်ငံ ပူးတွဲကော်မတီတွဲဖက် အတွင်းရေးမှူး-၁ ဦးဌေးလှိုင်က Weekly Eleven သို့ ပြောပြခဲ့သည်။

အဆိုပါမူဆယ်-ရထားလမ်း စီမံကိန်းသည် လတ်တလောတွင် မူဆယ်မှ မန္တလေး  မြစ်ငယ်အနီးဝန်း ကျင်အထိသာ ချိတ်ဆက်ထားသော်လည်း ရေရှည်တွင် မန္တလေးမှ ရန် ကုန်(သီလဝါအထူးစီးပွားရေးဇုန်)အထိ ဆက်သွယ်မည့် ရထားလမ်း ကွန်ရက်တစ်ခုပေါ်ပေါက်လာမည်ဟု သိရသည်။

လက်ရှိအချိန်တွင် တရုတ်နယ်စပ် မူဆယ်မြို့နှင့် ရန်ကုန်မြို့ အပါအဝင် ဒေသ အသီးသီးသို့  ကုန် စည်ကူးသန်းရောင်းဝယ်ရာ၌ ကားလမ်းကိုသာ အဓိကအသုံးပြုနေခြင်း ဖြစ်သဖြင့် မူဆယ်-မန္တလေးရထား လမ်း  စတင်အသုံးပြုနိုင်မည့် အချိန်တွင် ကုန်စည်  ကူးသန်းရောင်းဝယ်မှု များ ပိုမိုသွက်လက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း မန္တလေး မြို့ခံကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန် သွယ်ရေးတိုးမြှင့်နိုင်ရန်အတွက် တရုတ်ဘက်တွင် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့်ဆက်သွယ်မည့်ရထားလမ်းစီမံကိန်း စတင်နေသည်။

တရုတ်ဘက်မှာ ရွှေလီမှာပေါ့။ ကားလမ်း၊ ရထားလမ်းတွေ ဖောက်နေပြီ။အဲဒါပြီးရင် ကျွန်တော် တို့ နယ်စပ်ကိုရောက်လာမယ်။ အဲဒီကနေ ကျွန်တော်တို့မှန်းထားတာက မန္တလေးကိုသွားမယ်။မန္တလေး ကနေမှ နှစ်ခုပြန်ခွဲမယ်။ တစ်ခုက ရန်ကုန်မြို့သစ် စီမံကိန်းပေါ့။နောက် တစ်ခုက ကျောက်ဖြူဘက်ကို သွားမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

OBOR စီမံကိန်းတွင် ဆောင်ရွက်မည့် မြန်နှုန်းမြင့်ရထားလမ်းများဖောက်လုပ်မှုသည် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်အ နည်းငယ်ဖြင့် နေရာဒေသမရွေး ပို့ဆောင် နိုင်ရန် ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent