အိန္ဒိယမြောက်ပိုင်းတွင် မုတ်သုံမိုးကြောင့် လူ ၁ဝဝသေဆုံး

အိန္ဒိယမြောက်ပိုင်းတွင် မုတ်သုံမိုးကြောင့် လူ ၁ဝဝသေဆုံး
စက်တင်ဘာ ၂၈ရက်တွင် ဥတ္တရပရာဒေ့ရှ်ပြည်နယ်၌ ရေလွှမ်းနေမှုကို တွေ့ရစဉ်  / Photo : AP
စက်တင်ဘာ ၂၈ရက်တွင် ဥတ္တရပရာဒေ့ရှ်ပြည်နယ်၌ ရေလွှမ်းနေမှုကို တွေ့ရစဉ် / Photo : AP
Published 30 September 2019
Ref : AFP

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် လွန်ခဲ့သည့် သုံးရက်က မုတ်သုံမိုးနှောင်းရွာချမှုကြောင့် လူ ၁၀၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လမ်းများ၊ ဆေးရုံများနှင့် အိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း အရာရှိများက စက်တင်ဘာ ၃ဝတွင် ပြောကြားခဲ့သည်။

ပုံမှန်ရွာသွန်းနေကျမိုးထက် ပိုမိုပြင်း ထန်စွာရွာသွန်းမှုကြောင့် အရှေ့ပိုင်းပြည်နယ် ဘီဟာ၏မြို့တော် ပန်တာရှိ မိုးရေများဖြင့် ဖုံးလွှမ်းနေသောလမ်းများပေါ်တွင် ဝန်ဆောင်မှုပေးမည့်လှေများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုပြည်နယ်တွင် လူ ၂၇ ဦးထက်မနည်း သေဆုံးပြီး အိမ်နီးချင်း ဥတ္တရာပရာဒေရှ့် ပြည်နယ်တွင် ၆၃ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မိုးထပ်မံရွာ သွန်းနိုင်သည်ဟု ခန့်မှန်းထားပြီး နှစ်ပေါင်း ၁ဝဝကျော်အတွင်း စက်တင်ဘာလသည် အစိုစွတ်ဆုံးလဖြစ်ခဲ့ကြောင်း မိုးလေဝသ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပတ္တနားမြို့တစ်မြို့တည်းတွင် စက်တင် ဘာ ၂၇ မှစတင်ကာ စံချိန်တင် မိုးရေချိန် ၂၂၆ မီလီမီတာ (၈.၉ လက်မ) ရွာသွန်းခဲ့ ကြောင်း ဘီဟာပြည်နယ် သဘာဝဘေးအန္တ ရယ် တုံ့ပြန်ရေးအဖွဲ့မှ အရာရှိ အမ်ရာမွန်ချမ် ဒရူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ပတ္တနားရှိ အစိုးရပိုင် နာလန်ဒါ ဆေးကောလိပ်နှင့် ဆေးရုံတို့တွင် ညစ်ပတ်သော မိုးရေများထဲ၌ လူနာများသည် ဆေးရုံကုတင်များပေါ်တွင် လဲလျောင်းနေသည့် ဓာတ်ပုံများကို တွေ့မြင်ခဲ့ရသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ် ဂူဂျရတ်တို့တွင်လည်း မိုးသည်း ထန်စွာရွာသွန်းနေကြောင်း သိရှိရသည်။မုတ်သုံမိုးသည် နှစ်စဉ် ဇွန်လမှ စက်တင်ဘာလ အထိ ကြာမြင့်သည်။

ယခုနှစ် မုတ်သုံရာသီသည် ၁၉၁၇ ခုအပြီးနောက်ပိုင်းတွင် အစိုစွတ်ဆုံး မုတ်သုံရာသီဖြစ်သွားလိမ့်မည်ဟု စောင်ရေအများဆုံး ထုတ်ဝေရသော Time of India က ရေးသားထားခဲ့သည်။ ပြည်နယ် ၁၅ခုတွင် မိုးပိုမို ရွာသွန်းနိုင်ကြောင်း အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ စက်တင်ဘာ ၃ဝရက် ထုတ်ပြန်ခဲ့သည်။

၄-၅ ရက်အတွင်း မိုးနည်းပါးနိုင်သည့်  အခြေအနေမရှိဟု အိန္ဒိယမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ အရာရှိ အမ်ရူထူဂျေးမိုဟာ ပက်ထရာက Time of India သတင်းစာကို ပြောကြားခဲ့သည်။

တောင်အာရှဒေသတွင် မုတ်သုံမိုးသည် လယ်သမားများအတွက် မရှိမဖြစ် အရေးပါ သော်လည်း မုတ်သုံမိုးကြောင့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေရှ့်နှင့် ပါကစ္စတန်တို့၌ ယခုနှစ် ဇွန်လတွင် လူပေါင်း ၆၅၀ သေဆုံးခဲ့သည်။

 

 

Most Read

Most Recent