လမ်းများပေါ် ချီတက်လာသည့် ဟောင်ကောင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်

လမ်းများပေါ် ချီတက်လာသည့် ဟောင်ကောင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်
စက်တင်ဘာ ၂၉ ရက်က ဟောင်ကောင်လမ်းများတစ်လျှောက် ချီတက်လာကြသည့် ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခတ်နေစဉ် (Photo: AFP)
စက်တင်ဘာ ၂၉ ရက်က ဟောင်ကောင်လမ်းများတစ်လျှောက် ချီတက်လာကြသည့် ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခတ်နေစဉ် (Photo: AFP)
Published 29 September 2019
Ref: AFP

ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်  သတိပေးမှုကို ဖီဆန်ပြီး စက်တင်ဘာ ၂၉ ရက်တွင် လူစည်ကားသည့် စျေးဝယ်အရပ်သို့ ဆက်လက်ချီတက်လာသည့် ဆန္ဒပြသူများ ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့သည်။          

အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်မကြီး၏ သမ္မတနိုင်ငံထူ ထောင်မှု နှစ် ၇၀ ပြည့်အတွက် စီစဉ်ထားသည့် အခမ်းအနားများ မကျင်းပမီ ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသည့် တက်ကြွ လှုပ်ရှားသူများသည် လေးလကြာမြင့်ပြီဖြစ်သော ၎င်းတို့၏လှုပ်ရှားမှုကို အရှိန်မြှင့်တင်ခဲ့ကြသည်။

တာဝန်ရှိသူများက ဆန္ဒပြသူများကို  ဟန့်တားခဲ့ပြီး ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့မှုကြောင့် ဒေါသထွက်လာသည့်ဆန္ဒပြသူများကို ရဲတပ်ဖွဲဲ့က Causeway Bay တွင် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့သည်။ အစိုးရရုံးများကို ကျောက်ခဲများ၊ ဓာတ်ဆီဗုံးများဖြင့် ပစ်ခဲ့သည့် အမာခံတက်ကြွ လှုပ်ရှားသူများကို စက်တင်ဘာ ၂၈ ရက်တွင် ရဲတပ်ဖွဲဲ့က မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းမှုန့်ဖြန်း ဆေးများ၊ ရေအမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် နောက်ထပ်အကြမ်းဖက်မှု ထပ်မံဖြစ်ပေါ်ခဲ့သည်။

တရုတ်ပြည်မကြီးသည် သမ္မတနိုင်ငံ ထူထောင်မှု နှစ် ၇၀ ပြည့်အတွက် ပေကျင်းတွင် ဧရာမစစ်ရေးပြအခမ်းအနားတစ်ခု ပြုလုပ်မှုအပါအဝင် ဧရာမပွဲတော်များပြုလုပ်ရန် ပြင်ဆင်ထားသည်။ တရုတ်အစိုးရ၏အုပ်ချုပ်မှုအောက်တွင် ၎င်းတို့၏ အထူးလွတ်လပ်ခွင့်များ တဖြည်းဖြည်း ကျဆင်း လာမှုနှင့်ပတ်သက်ပြီး  အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူထုက ဒေါသပေါက်ကွဲပြီး မတည်ငြိမ်မှုဖြစ်လာခြင်းများက ယင်းအခမ်းအနားများကို ခြိမ်းခြောက်မှုဖြစ်စေခဲ့သည်။

ဟောင်ကောင်သည်  ၁၉၉၇ ခုနှစ်တွင် တရုတ်သို့ လွှဲပြောင်းပေးခံရပြီးနောက်ပိုင်း  ပြီးခဲ့သည့် သီတင်း ၁၇ ပတ်တွင်  ဒီမိုကရေစီလိုလားသည့် ဧရာမစုဝေးဆန္ဒပြမှုများနှင့်  ပဋိပက္ခများ ပါဝင်သည့်  အဆိုးရွားဆုံးနိုင်ငံ ရေးမတည်ငြိမ်မှု ဖြစ်ပွားခဲ့သည်။

ရာဇဝတ်မှုကျူးလွန်သူများကို ပြည်မကြီးသို့ လွှဲပြောင်းခွင့်ပြုသည့် ဥပဒေမူကြမ်းတင်သွင်းမှုကြောင့် အစပျိုးခဲ့သည့် ဆန္ဒပြမှုများသည်  လွတ်လပ်သည့် ရွေးကောက်ပွဲ ကျင်းပပေးရန်နှင့် တရုတ်စွက်ဖက်မှု လျော့လျှော့ချရန် တောင်းဆိုမှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။

တက်ကြွ လှုပ်ရှားသူများက အောက်တိုဘာ ၁ ရက် အထိမ်းအမှတ်နေ့အထိ ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်မည်ဟု က တိပြုထားကြသည်။ စက်တင်ဘာ ၂၇ နှင့် စက်တင်ဘာ ၂၈ ရက်တွင် သောင်းနှင့်ချီ သော ဆန္ဒပြသူများသည် ငြိမ်းချမ်းသည့် စုဝေးမှုများအဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာ ၂၈ ရက် ညတွင်  ဧရာမစုဝေးမှုကြီးတစ်ခု၏ ဘေးဆွယ်စုဝေးမှုများ၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် နှိမ်နင်းခဲ့ပြီးနောက် သောင်းနှင့်ချီသော ဆန္ဒပြသူများက ပြန်လည် စုစည်းခဲ့ပြီး ဟောင်ကောင်မြို့လယ်ကောင်ရှိ  လမ်းမတွင်  စုဝေး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ လနှင့်ချီကြာသည့် ဆန္ဒပြမှုများကြောင့် အကျပ်အတည်းများ ကြုံတွေ့နေသည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်သည် စက်တင်ဘာ ၂၆ ရက်တွင်  မြို့တော်ခန်းမဆွေးနွေးပွဲတစ်ခု၌ ပြည်သူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ သည်။                                             

 

 

 

Most Read

Most Recent