ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 16 September 2019

အက်စတွန်ဗီလာ နှင့် ဝက်စ်ဟမ်း (အင်္ဂါနံနက် ၁း၃၀ နာရီ)

အက်စတွန်ဗီလာက ရာသီအစမှာပဲ (၃)ပွဲ ရှုံးပြီးပြီ။ (၄)ပွဲမှာ အားထားရတဲ့ ပြင်သစ် ကွင်းလယ်လူ ထရာဇီဂေးလည်း ပွဲပယ်ခံထားရတယ်။ ဝက်စ်ဟမ်းက ခြေစွမ်းပြနေပြီး စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဟယ်လာလည်း ဂိုးမြူးနေတာ တွေ့ရတယ်။ အက်စတွန်ဗီလာ အိမ်ကွင်းဆိုပေမယ့် လန်ဇီနီ၊ ဖိလစ်ပီအန်ဒါဆန်၊ ဟယ်လာတို့ရဲ့ ဝက်စ်ဟမ်းတိုက်စစ်ကို ထိန်းနိုင်ဖို့ မလွယ်ဘူး။ ဝက်စ်ဟမ်း အနိုင်ရဖို့များတယ်။

တိုရီနို နှင့် လက်ချီ (အင်္ဂါနံနက် ၁း၁၅ နာရီ)

ယူရိုပါလိဂ်ဝင်ခွင့်လွဲချော်ခဲ့လို့ အိမ်ကွင်းမှာ ပရိသတ်တွေကို တိုရီနို ပြန်လည်နှစ်သိမ့်ပါလိမ့်မယ်။ လက်ချီက အဝေးကွင်းမှာ ခံစစ်ကစားပုံမတည်ငြိမ်နိုင်သေးလို့ ဘယ်လော့တီ ဦးဆောင်မယ့် တိုရီနိုတိုက်စစ် (၂)ဂိုးလောက်သွင်းပြီး နိုင်ပါလိမ့်မယ်။

 

 

Most Read

Most Recent