ဥရောပဝင်ခွင့်အတွက် စဉ်းစားခြင်းမရှိဘဲ တစ်ပွဲချင်းသာ အာရုံစိုက်ထားကြောင်း ချာကာ ပြောကြား

ဥရောပဝင်ခွင့်အတွက် စဉ်းစားခြင်းမရှိဘဲ တစ်ပွဲချင်းသာ အာရုံစိုက်ထားကြောင်း ချာကာ ပြောကြား
Photo: X
Photo: X
Published 11 May 2026

ဆန်းဒါးလန်းအသင်းခေါင်းဆောင် ချာကာက ဥရောပဝင်ခွင့်အတွက် စဉ်းစားခြင်းမရှိဘဲ တစ်ပွဲချင်းသာ အာရုံစိုက်ထားကြောင်း မန်ယူနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဆန်းဒါးလန်းအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ မန်ယူအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပါတယ်။

ဒါပေမဲ့ ချာကာက လက်ရှိအခြေအနေက အသင်းအတွက် ကျေနပ်စရာကောင်းကြောင်းနဲ့ ဥရောပဝင်ခွင့်ရဖို့ ပစ်မှတ်မထားခဲ့ကြောင်း ပြောကြားခဲ့တာပါ။

''ကျွန်တော်တို့ တန်းတက်လာတဲ့ရာသီမှာ (၄၈)မှတ်ရယူထားနိုင်ပါပြီ။ ကျွန်တော်တို့ အံ့အားသင့်စရာကောင်းတဲ့ရာသီကို ယှဉ်ပြိုင်ကစားနေတာဖြစ်ပြီး ဥရောပဝင်ခွင့်အကြောင်း မစဉ်းစားပါဘူး။ ကျွန်တော်တို့ တစ်ပွဲချင်းရလဒ်ကောင်းဖို့သာ လုပ်ဆောင်ပြီး(၃၆)ပွဲကစားပြီးတာတောင်မှ ဒီအချက်က ပြောင်းလဲမသွားပါဘူး။ ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံးနေရာမှာ ရပ်တည်ချင်ပါတယ်။ အဲဗာတန်၊ ချယ်လ်ဆီးတို့နဲ့ ပွဲတွေမှာ အမှတ်များစွာ ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ'' လို့ ချာကာက ပြောကြားခဲ့ပါတယ်။

ချာကာက အသင်းဟောင်း အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိစေလိုကြောင်းနဲ့ အာဆင်နယ်အသင်း ချန်ပီယံဖြစ်ရင် အောင်ပွဲခံသွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent