■ အိန္ဒိယတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်

■ အိန္ဒိယတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်
Published 24 July 2026

အိန္ဒိယနိုင်ငံတွင် ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး ဆန္ဒပြနေကြသည့် ပိုးဟတ်ဂျန်တာပါတီ (CJP)၏ လှုပ်ရှားမှုကို ပူးပေါင်းပါဝင်ခဲ့သည့် အထင်ကရ တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချပ်သည် ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှုကို ဇူလိုင် ၂၄ ရက်က အဆုံးသတ်ခဲ့သည်။

သို့သော် ပညာရေးဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြမှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

CJP ဟု အမည်ပေးထားသည့် လူငယ်ဆန္ဒပြသူများ အဖွဲ့သည် မေလအတွင်းက ကျောင်းသား ၂ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့ပြီး ကျောင်းသားအချို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများနှင့် ဆက်နွှယ်နေသည့် မေးခွန်းလွှာ ပေါက်ကြားမှုများအတွက် ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဟန် ကို ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

ဝမ်ချပ် က ညှိနှိုင်းဆွေးနွေးမှုများအပြီးနှင့် နိုင်ငံအတွင်း ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုများကို ငဲ့ကွက်ပြီး လွှတ်တော်အမတ် အများအပြား၏ တိုက်တွန်းမှုကြောင့် ပြည်ထောင်စုဝန်ကြီး နှစ်ဦး၏ ရှေ့မှောက်တွင် အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့ကြောင်း X လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသော်လည်း မကြာမီ ဗီဒီယိုတစ်ခုဖြင့် အသေးစိတ် ထုတ်ပြန်သွားမည်ဟု ၎င်းကကတိပြုခဲ့သည်။

CJP ကို တည်ထောင်သူ အဘီဂျစ် ဒစ်ပကေးက အသက် ၅၉ နှစ်အရွယ် ဝမ်ချပ် ၏ ရဲရင့်မှုနှင့် စွန့်လွှတ်အနစ်နာခံမှု အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပရာဟန် ရာထူးမှ မနှုတ်ထွက်မချင်း ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

Most Read

Most Recent