ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဟက်ထရစ်သွင်းသူအဖြစ် ဟာဇက်ကိုကျော်ဖြတ်ကာ အေဘရာဟမ်ရပ်တည် 

 ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဟက်ထရစ်သွင်းသူအဖြစ် ဟာဇက်ကိုကျော်ဖြတ်ကာ အေဘရာဟမ်ရပ်တည် 
Photos: Getty Images &  Reuters
Photos: Getty Images & Reuters
Published 15 September 2019

 

ချယ်လ်ဆီးအသင်း၏အင်္ဂလန်လူငယ်တိုက်စစ်ကစားသမား အေဘရာဟမ်သည် ဝုလ်ဗ်အသင်းအား (၅-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဟက်ထရစ်သွင်းသူအဖြစ် ကစားသမားဟောင်း ဟာဇက်ကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့သည်။ 

 

ချယ်လ်ဆီးအသင်း၏အင်္ဂလန်လူငယ်တိုက်စစ်ကစားသမား အေဘရာဟမ်သည် ဝုလ်ဗ်အသင်းအား (၅-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဟက်ထရစ်သွင်းသူအဖြစ် ကစားသမားဟောင်း ဟာဇက်ကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့သည်။ 

 

 

အသက် (၂၁)နှစ်သာရှိသေးသည့် အေဘရာဟမ်သည် ယင်းပွဲစဉ်တွင် ပွဲချိန် (၃၄၊ ၄၁၊၅၅ )မိနစ်တို့တွင် ဂိုးများသွင်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ်က ဟာဇက်တင်ရှိထားခဲ့သည့် စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့သည်။ ယခုနှစ်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ဟာဇက်သည် ၂၀၁၄ ခုနှစ်က  အသက် (၂၃)နှစ်အရွယ်တွင် နယူးကာဆယ်အား (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ဟက်ထရစ်ဂိုးသွင်းယူခဲ့ကာ အသင်း၏အသက်အငယ်ဆုံးဟက်ထရစ်ဂိုးသွင်းသူအဖြစ် စံချိန်တင်ထားခြင်းဖြစ်သည်။ 

 

 

ထို့ပြင် အေဘရာဟမ်သည် ၂၀၁၁ ခုနှစ်က ချယ်လ်ဆီးအသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့သည့် လမ်းပတ်ပြီးနောက် အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ လက်ရှိချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ၂၀၁၁ ခုနှစ်ကစားခဲ့သည့် ဘော်လ်တန်အသင်းအား (၅-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် ချယ်လ်ဆီးအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

 

အေဘရာဟမ်သည် ပြီးခဲ့သည့် နောဝစ်ချ်၊ ရှက်ဖီးယူနိုက်တက်တို့နှင့်ပွဲစဉ်များတွင်လည်း အသင်းအတွက် (၂)ဂိုးစီသွင်းယူနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်သမိုင်းတွင် စီရော်နယ်လ်ဒို (မန်ယူ)၊ အယ်လီ(စပါး)တို့ပြီးနောက် (၃)ပွဲဆက် (၂)ဂိုးနှင့်အထက်သွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

 

 

အေဘရာဟမ်သည် ဝုလ်ဗ်အသင်းနှင့်ပွဲတွင် ထူးခြားသည့်မှတ်တမ်းတစ်ခုကိုလည်း ရရှိခဲ့သည်။ ယင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲတစ်ပွဲအတွင်း ဟက်ထရစ်နှင့် OG သွင်းယူခဲ့သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ အေဘရာဟမ်သည် လက်ရှိအချိန် တွင် သွင်းဂိုး(၇)ဂိုးဖြင့် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းတွင် မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးနှင့်အတူ ပူးတွဲရပ်တည်လျက်ရှိသည်။ 

 

Most Read

Most Recent