AD Astra ဇာတ်ကားသည် ၎င်းအတွက် စိန်ခေါ်မှုအများဆုံးဇာတ်ကားဟု ဘရက်ပစ် ပြောကြား

AD Astra ဇာတ်ကားသည် ၎င်းအတွက် စိန်ခေါ်မှုအများဆုံးဇာတ်ကားဟု ဘရက်ပစ် ပြောကြား
Photo: AFP
Photo: AFP
Published 30 August 2019

 

ဟောလိဝုဒ်ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်သည့် ဘရက်ပစ်သည် အနုပညာ သက်တမ်းအတွင်း ဇာတ်ကောင်အမျိုးမျိုးဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း အာကာသ  ယာဉ်မှူးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ သည့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Ad Astra သည် ၎င်းင်းအတွက် စိန်ခေါ်မှုအရှိဆုံး ဇာတ် ကားဟု ပြောကြားခဲ့သည်။

“Ad Astra ဇာတ်ကားက ကျွန်တော် သရုပ်ဆောင်ဖူးတဲ့ ဇာတ်ကားတွေထဲမှာ စိန်ခေါ်မှုအများဆုံးပါပဲ။ ဇာတ်လမ်းက အနုစိတ် လွန်းတယ်”ဟု ဘရက်ပစ်က ဗင်းနစ်ရုပ်ရှင်ပွဲ တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ပစ်သည် ယင်းဇာတ်ကား၏ ထုတ် လုပ်သူတစ်ဦးလည်း ဖြစ်သည်။

“အာကာသဇာတ်ကားရိုက်ရတာ ပီတာ ပန်ပြဇာတ် စီစဉ်တင်ဆက်ရတာနဲ့ အတော်လေးဆင်တူပါတယ်။ ဝိုင်ယာကြိုးတွေကို တွဲ လောင်းခိုရတယ်။ အာကာသဇာတ်ကားရိုက် ရာမှာ မသက်မသာဖြစ်ရတဲ့ အဖြစ်အပျက် တွေကို ဂျော့ချ် (ဂျော့ချ်ကလူနီ) နဲ့ အပြန်အ လှန်ပြောဖြစ်ကြတယ်”ဟု ဘရက်ပစ်က ပြော ကြားခဲ့သည်။ 

ပျောက်ဆုံးနေသော ဖခင်ဖြစ်သူကို ရှာ ဖွေရန် အာကာသသို့ သွားရောက်ခဲ့ပြီး ကမ္ဘာ တွင် လူသားများအသက်ရှင်သန်မှုကို ခြိမ်း ခြောက်နေသည့် လျှို့ဝှက်မှုတစ်ခုကို ဖြေရှင်း ခဲ့သည့် အာကာသယာဉ်မှူး Roy McBride အကြောင်း ဒါရိုက်တာ ဂျိမ်းစ်ဂရေးရိုက်ကူး ထားသည့် ယင်းဇာတ်ကားတွင် ဘရက်ပစ်၊ တော်မီလီဂျုံးစ်၊ Ruth ၊ Negga ၊Liv Tylerနှင့် Donald Sutherland တို့ ပါဝင်သရုပ် ဆောင်ထားသည်။ ယင်းဇာတ်ကားကို သြ ဂုတ် ၂၉ ရက်တွင် ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပွဲ ဦးထွက်ပြသခဲ့သည်။Ad Astra ဇာတ်ကား သည် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲကဏ္ဍတွင်ယှဉ်ပြိုင်မည့် ဇာတ်ကား၂၁ ကားတွင် လည်း ပါဝင်သည်။

Ad Astra ဇာတ်ကား၏ ရင်သပ်ရှုမော ဖွယ်ကောင်းသည့် ရုပ်ရှင်ရိုက်ကူးရေးပညာ ကို ရုပ်ရှင်ဝေဖန်သူများက ချီးကျူးခဲ့သော်လည်း ရှည်လျားသည့် ဇာတ်ကြောင်းပြန်မှု နှင့် ဇာတ်လမ်းကို ဝေဖန်ခဲ့ကြသည်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အာကာသ  ဇာတ်ကားများပြသမှုသည် အထူးအဆန်း မဟုတ်တော့ပေ။ ဂျော့ချ်ကလူနီပါဝင်ထား သည့် အော်စကာဆုရဇာတ်ကား Gravity နှင့် Ryan Gosling ပါဝင်ထားသည့် First Man ဇာတ်ကားတို့ကိုလည်း ပွဲဦးထွက်ပြသခဲ့ဖူးသည်။

Ad Astra ဇာတ်ကားကို စက်တင်ဘာ  ၂၀ ရက်တွင် အမေရိကန်၌ ဖြန့်ချိမည်ဖြစ်ပြီး ပွဲဦးထွက် သီတင်းပတ်တွင် ဒေါ်လာ သန်း ၂၀ ခန့်ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

 

Most Read

Most Recent