စပိန်လက်ရွေးစင်အသင်းတွင်  ပုံမှန်ပွဲထွက်နေရာအတွက် ကယ်ပါနှင့်ဒီဟေးယားပြိုင်ရမည်

စပိန်လက်ရွေးစင်အသင်းတွင်  ပုံမှန်ပွဲထွက်နေရာအတွက် ကယ်ပါနှင့်ဒီဟေးယားပြိုင်ရမည်
Photos: Getty Images
Photos: Getty Images
Published 21 August 2019

ဒီဟေးယားသည် ၂၀၁၆ ခုနှစ်မှစကာ စပိန်အသင်းတွင် နံပါတ် (၁) ဂိုးသမားအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း နည်းပြသစ် ရောဘတ်မော်ရီနိုလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။ 

မန်ယူအသင်းဂိုးသမား ဒီဟေးယားသည် စပိန်လက်ရွေးစင်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ချယ်လ်ဆီးဂိုးသမား ကယ်ပါနှင့် အပြိုင်လုရဖွယ်ရှိနေကြောင်း သိရသည်။ 

ဒီဟေးယားသည် ၂၀၁၆ ခုနှစ်မှစကာ စပိန်အသင်းတွင် နံပါတ် (၁) ဂိုးသမားအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း နည်းပြသစ် ရောဘတ်မော်ရီနိုလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။ 

ရောဘတ်မော်ရီနိုသည် စပိန်အသင်း နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၃) ပွဲတွင် ချယ်လ်ဆီးဂိုးသမား ကယ်ပါကိုသာ အသုံးပြုခဲ့သည်။ 

ရောဘတ်မော်ရီနိုက အသင်းတွင် ဂိုးသမားများ ပြိုင်ဆိုင်နေကြသည်ကို သဘောကျကြောင်း ပြောကြားခဲ့သည်။ 

ရောဘတ်မော်ရီနိုက "ကျွန်တော့်ရဲ့ ဂိုးသမားတွေက ဒီဟေးယား၊ ကယ်ပါနဲ့ လိုပက်ဇ်တို့ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဂိုးသမားတွေကြားမှာ ပြိုင်ဆိုင်မှုရှိတာကို သဘောကျပါတယ်။ ကယ်ပါဟာ ဒီဟေးယားထက် မသာလို၊ လိုပက်ဇ်ထက်လည်း ဦးစားပေးမဟုတ်ပါဘူး။ သူတို့ ကြားမှာ ပြိုင်ဆိုင်မှုရှိနေတာကို သဘောကျပါတယ်"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent