အငှားချခံရဖွယ်ရှိသည်ဆိုသော သတင်းများကို ယိုဗစ် ငြင်းဆန်

အငှားချခံရဖွယ်ရှိသည်ဆိုသော သတင်းများကို ယိုဗစ် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 21 August 2019

ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ယိုဗစ်က ၎င်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ အငှားဖြင့် ထွက်ခွာရဖွယ်ရှိသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်သွားခဲ့သည်။

အသက် (၂၁) နှစ်အရွယ်ရှိ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်သည် ယခုနွေရာသီအပြောင်းအရွှေ့တွင်မှ ဖရန့်ဖတ်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရိုသန်း (၆၀) ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ယိုဗစ်သည် ရီးယဲလ်အသင်း၏ ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသဖြင့် အသင်းနည်းပြ ဇီဒန်းက ၎င်းကို အငှားချထားရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် ယိုဗစ်က အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် နည်းပြ ဇီဒန်းအနေဖြင့် မိမိအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း တုံ့ပြန်ခဲ့သည်။

ယိုဗစ်က "ရီးယဲလ်အသင်းကနေ ကျွန်တော် အငှားထွက်ကစားမယ်ဆိုတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ ဒါတွေက မီဒီယာတွေ ဖန်တီးတဲ့ ပုံပြင်တွေ ဖြစ်ပါတယ်။ အဲဒီသတင်းတွေကို ဖတ်ပြီး ကျွန်တော်ကတော့ ရယ်နေရုံပါပဲ။ ကစားသမားဘဝတစ်လျှောက်မှာ ဒီလိုသတင်းမျိုးတွေ အများကြီး ဖတ်ခဲ့ရပါတယ်။ အမှန်တရားကို အချိန်က သက်သေပြသွားပါလိမ့်မယ်။ နည်းပြ ဇီဒန်းက ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်။ အခုအချိန်မှာ နေ့တိုင်း သင်ယူလေ့လာပြီး ဒီအတောအတွင်း ဇီဒန်းရဲ့ အမြင်လည်း ပြောင်းလဲသွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဇီဒန်းလက်အောက်မှာ ကစားခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်နေပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယိုဗစ်က မိမိအနေဖြင့် အကောင်းဆုံးခြေစွမ်းရရှိရန် နီးစပ်နေပြီဖြစ်ကြောင်းနှင့် ရီးယဲလ်အသင်းအတွက် အစွမ်းကုန်ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent