ယိုဗစ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် အင်တာမီလန် စီစဉ်နေဟု သတင်းထွက် 

ယိုဗစ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် အင်တာမီလန် စီစဉ်နေဟု သတင်းထွက် 
Published 20 August 2019

အင်တာမီလန်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်း၏ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ယို်ဗစ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန်စီစဉ်နေကြောင်း အီတလီသတင်းစာ Corriere dello Sport က ဖော်ပြခဲ့သည်။

အင်တာမီလန် အသင်းသည် ယခုနွေရာသီတွင် မန်ယူအသင်းမှခေါ်ယူထားသည့် တိုက်စစ်မှူး လူကာကူ၏အရန်အဖြစ်အသုံးပြုရန်အတွက် ယိုဗစ်အား ခေါ်ယူလိုနေခြင်းဖြစ်သည်။

ယခုနွေရာသီတွင် ဖရန့်ဖတ်အသင်းမှ ယူရို (၆၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ယိုဗစ်သည် ရီးယဲလ်မက်ဒရစ်အသင်း၏ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ နည်းပြဇီဒန်းက အငှားချရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

အင်တာမီလန်အသင်း၏မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကလည်း ရီးယဲလ်အသင်းမှ ယိုဗစ်အပြင် မာရီယာနိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent