စစ်ဘေးသင့့် အာဖဂန်တွင် စာသင်ကျောင်းများပင် မလုံခြုံသဖြင့် ကလေးများအား ထိခိုက်သေဆုံးမှုဖြစ်ပေါ်စေ

စစ်ဘေးသင့့် အာဖဂန်တွင် စာသင်ကျောင်းများပင် မလုံခြုံသဖြင့် ကလေးများအား ထိခိုက်သေဆုံးမှုဖြစ်ပေါ်စေ
ဇူလိုင် ၂၂ ရက်တွင် နန်ဂါဟာပြည်နယ်၏ Deh Bala ခရိုင်၌ ပျက်စီးသွားသော Papen အထက်တန်းကျောင်းတွင် ကလေးများအား သင်ကြားနေစဉ် (Photo: AFP)
ဇူလိုင် ၂၂ ရက်တွင် နန်ဂါဟာပြည်နယ်၏ Deh Bala ခရိုင်၌ ပျက်စီးသွားသော Papen အထက်တန်းကျောင်းတွင် ကလေးများအား သင်ကြားနေစဉ် (Photo: AFP)
Published 18 August 2019
Ref: AFP

ကဘူးတွင် ကျောင်းတက်နေသည့် ကာလတစ်လျှောက် ဧရာမ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းနှင့် အခြားကျောင်းသူ၊ ကျောင်းသားများအပေါ် ပြတင်းပေါက်မှန်ကွဲစများ ပြန့်ကြဲခဲ့သည့်နေ့က  ၁၆ နှစ်အရွယ် မာဒီနာအတွက် အိပ်မက်ဆိုးများအဖြစ် ထင်ကျန်နေဆဲ ဖြစ်သည်။

မာဒီနာသည် အက်မသေခဲ့သော်လည်း ၎င်း၏ လက်နှင့် ခြေများ စုတ်ပြတ်ပေါက်ပြဲပြီး ဒဏ်ရာများစွာ ရရှိခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည် ဖြည်းဖြည်းချင်း ပျောက်ကင်းခဲ့သော်လည်း တိုက်ခိုက်မှုနှင့်ပတ်သက်သည့် စိုးရိမ်သောက,က ၎င်း၏စိတ်တွင် စွဲထင်နေဆဲဖြစ်သည်။

အာဖဂန်နစ္စတန်တွင် ၎င်းနှင့်  ခေတ်တစ်ခေတ်တည်း၌ မွေးဖွားခဲ့သူအများစုကဲ့သို့ပင် မာဒီနာသည် ငြိမ်းချမ်းရေးအကြောင်း  တစ်ကြိမ်မှမကြားခဲ့ဖူးပေ။ စာသင်ကျောင်းများက မကြာခဏ  စစ်မျက်နှာတွင် ရှိနေသည့် နိုင်ငံတွင် နေထိုင်ရသူ များအား စိတ်ပိုင်းဆိုင်ရာသက် ရောက်မှု ဖြစ်စေပြီး နှစ်သိမ့်ဆွေး နွေးမှုမရှိခြင်းကြောင့် စိတ်ထိခိုက်မှု ဖြစ် စေနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။

စာသင်ခန်းများသည်  အသုံးပြု၍မရတော့သောကြောင့် မာဒီနာသည် အစိတ်အစိတ်အမြွှာမြွှာ ဖြစ်နေသည့် စာသင်ကျောင်း၏ စင်္ကြံလမ်းတွင်သာ သချင်္ာစာမေးပွဲကို ဖြေဆိုခဲ့ရသည်။

လုပ်ဆောင်နေဆဲဖြစ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် တိုးတက်မှုရှိလာပြီဟု အမေရိကန်နှင့် တာလီဘန်တို့က ပြောကြားခဲ့သော်လည်း အာဖဂန်နိုင်ငံသားများအတွက် အနည်းငယ်သာ ပြောင်း လဲမှုဖြစ်ပေါ်ခဲ့သည်။ လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများက ဖိစီးနှိပ်စက်နေသည့်စစ်ပွဲတွင်  ကလေးသူငယ်များသည် အကာအကွယ်မဲ့အခြေအနေတွင် ရှိနေဆဲဟု မီးမောင်းထိုးပြခဲ့သည်။

စစ်ပွဲကြောင့် ပြီးခဲ့သည့်နှစ်တွင် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ကလေးသူငယ် ၉၂၇ ဦးအပါအဝင် အရပ်သား ၃ç၈၀၄ ဦးထက် မနည်းသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ စာရင်းတစ်ခုတွင် ဖော်ပြခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမခြောက်လတွင် အရပ်သားများ သေကျေဒဏ်ရာရမှုတွင် ကလေးသူငယ်သုံးပုံတစ်ပုံခန့် ပါဝင်ခဲ့သည်ဟု သိရသည်။ “တိုက်ခိုက်မှုဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မျက်နှာမှာ အ ထိတ်အလန့်ဖြစ်နေတဲ့စိတ်ဒဏ်ရာတွေကို မြင်တွေ့ရတယ်။ သူတို့ အချိန်တိုင်း ငိုကြတယ်” ဟုမာဒီနာ   တက်ရောက်နေသည့်စာသင်ကျောင်း၏ဒါရိုက်တာ Niamatu llah Hamdard ကပြောကြားသည်။

 ယူနီဆက်ဖ်၏ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်တွင် အာဖဂန်ရှိ စာသင်ကျောင်းများ တိုက်ခိုက်ခံခဲ့ ရသည့် အရေအတွက်သည် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုံးဆကျော် မြင့်တက်ခဲ့သည်ဟု  သိရသည်။ စစ် ပွဲကြောင့်၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင်အာဖဂန်ရှိ စာသင်ကျောင်း ၁,၀၀၀ ကျော်ကို ပိတ်ပစ်ခဲ့ရပြီး ကလေးငယ် ၅၀၀,၀၀၀ သည် ပညာသင်ကြားရန် အခွင့်အလမ်း ပိတ်ပင်ခံခဲ့ရသည်။

အစိုးရနှင့်  IS အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည် နယ်၏မိုးခေါင်သော  Deh Bala ဒေသရှိ Papen အထက်တန်းကျောင်းသည် အလုံးစုံပျက်စီးခဲ့ရသည်။ ယင်းတို့ထဲမှ အချို့သည် ဒေသခံများကို IS တိုက်ခိုက်ရေးသမားများက ခေါင်းဖြတ်ကွပ်မျက်ခဲ့သည်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြသည်။

“ကျောင်းသားတွေ ညမှာ အိပ်ပျော်သွားတဲ့အချိန်မှာ Daesh (IS) အကြောင်း အိပ်မက်မက်ကြတယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် သူတို့ စိုးရိမ် ကြောက်လန့်ခဲ့ရတယ်” ဟု စာသင် ကျောင်း၏ဒါရိုက်တာ မူဟာမက်ဝါလီက ပြောကြားခဲ့သည်။

“ကလေးတွေက စိတ်ဖိစီးမှုတွေကြောင့် ကျောင်းကိုလာတဲ့ အချိန်မှာ အိပ်ပျော်သွားရင် အိပ်နေရင်း ငယ်သံပါအောင် အော်ကြတယ်။ ဆရာတွေက ကလေးတွေ စကားပြောဆိုတဲ့အချိန်မှာ  သူတို့တွေက ထူးခြားဆန်းကြယ်တာတွေကို လုပ်ခဲ့ကြတယ်။ သူတို့ အာရုံ မစိုက်နိုင်ကြဘူး” ဟု စာသင်ကျောင်း တစ်ခု၏ ဌာနေတာဝန်ရှိသူတစ်ဦး ဖြစ်သည့် Omar Ghorzang က ဆိုသည်။ အသက် ၁၅ နှစ်အရွယ်ရှိ Amir Gul အမည်ရ ကျောင်းသားတစ်ဦးက ၎င်းနှင့် Papen ကျောင်းမှ အတန်းဖော်များသည် အမြဲတစေ စိုးရိမ်ပူပန်နေကြသည်ဟု ပြောကြားခဲ့သည်။

“ဗုံးတစ်လုံး ပေါက်ကွဲမှာကို ကျွန်တော်တို့ အမြဲစိုးရိမ်ကြတယ် ။လူတိုင်းက ထိတ်လန့်ကြတယ်။ ဘယ်သူမှ စာမသင်နိုင်ဘူး” ဟု ၎င်း က ပြောကြားခဲ့သည်။   

စာသင်ကျောင်းများ တိုက်ခိုက်ခံရမှုများကြောင့် စိတ်ဒဏ်ရာရမှုနှင့် စိတ်မကျန်းမာမှုပျံ့နှံ့မှုကို အကဲဖြတ်ရန် ခက်ခဲနိုင်သည်ဟု ကဘူးရှိ Norwegian Refugee Council တွင် ပညာရေး အကြံပေးတစ်ဦးအဖြစ် အလုပ်လုပ် နေသည့် စိတ်ရောဂါ ကုထုံးပညာရှင် Bethan McEvoy က ပြောကြားခဲ့သည်။

စာသင်ကျောင်းတစ်ခုမှာ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီမျိုးထောက်ပံ့ပေးနိုင်တဲ့  နေရာတစ်နေရာရှိမယ်ဆိုရင် အရမ်းကို အထောက်အကူပြုမှာပါ” ဟု McEvoyက ပြောကြားခဲ့သည်။

ကဘူးတွင် လတ်တလောတိုက်ခိုက်မှုများဖြစ်ပြီး ရက်အနည်းငယ် အကြာတွင် အရှေ့ဘက်  Ghazni မြို့ရှိ အစိုးရထောက်လှမ်းရေးစင်တာ တစ်ခုကိုပစ်မှတ်ထားပြီး တာလီဘန်တို့က ကားဖြင့် ဗုံးခွဲ တိုက် ခိုက်ခဲ့သည်။ ယင်းဗုံးခွဲတိုက်ခိုက်မှု တွင် အနီးဝန်းကျင်ရှိစာသင်ကျောင်းတစ်ခုကို ထိမှန်ခဲ့ပြီး ကလေးဒါဇင်များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အရပ်သားများသေဆုံးမှုတွင် သောင်းကျန်းသူအဖွဲ့များတွင်သာ တာဝန်ရှိသည် မဟုတ်ပေ။ ပင်တဂွန်က လတ်တလော ထုတ်ပြန်သည် အစီရင်ခံစာတစ်ခုတွင် အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကြောင့် ၂၀၁၈ ခုနှစ်တွင် အရပ်သား ၁၃၄ ဦး သေကျေဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ သေဆုံးသူ ၇၆ ဦး တွင် ကလေး ၃၁ ဦး ပါဝင်သည်ဟု လည်း ဖော်ပြခဲ့သည်။

အာဖဂန်တွင် ကလေးငယ်များ သေကျေဒဏ်ရာရရှိမှုများ၏ ၈၄ ရာခိုင်နှုန်းသည် ဖောက်ခွဲရေး ပစ္စည်းများကြောင့်ဖြစ်သည်ဟု အာဖဂန်ရှိ့ UN Assistance Mission က ထုတ်ပြန်ခဲ့သည်။     

Most Read

Most Recent