သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်သော အခြေအနေများကိုဥပဒေနှင့်အညီ တားဆီးကာကွယ်ပြီး ပြန်လည်ထူထောင်အားဖြည့်ခြင်းလုပ်ငန်းအား အရှိန်မြှင့်ဆောင်ရွက်ပေးရန်အဆို ပြည်သူ့လွှတ်တော်အတည်ပြု

သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်သော အခြေအနေများကိုဥပဒေနှင့်အညီ တားဆီးကာကွယ်ပြီး ပြန်လည်ထူထောင်အားဖြည့်ခြင်းလုပ်ငန်းအား အရှိန်မြှင့်ဆောင်ရွက်ပေးရန်အဆို ပြည်သူ့လွှတ်တော်အတည်ပြု
Published 17 August 2019
စည်သူ

သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်သော အခြေအနေများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ပြီး ပြန်လည်ထူထောင် အားဖြည့်ခြင်းလုပ်ငန်းအား အရှိန်မြှင့်ဆောင်ရွက်ပေးရန်အဆိုအား ပြည် သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။

လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း တင်သွင်းသော ယင်းအဆိုအား နေပြည်တော်၌ သြဂုတ် ၁၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းကာ လွှတ်တော်အဆုံးအဖြတ်ရယူ အတည် ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို အဆိုရှင်က ဇူလိုင် ၁၅ ရက် တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက အဆိုအား အတည်ပြုရန် ပြန်လည်ရှင်းလင်းခဲ့ပြီး အဆိုရှင်ကလည်း အ တည်ပြုရန် သဘောပေးခဲ့ကာ လွှတ်တော်ကလည်းအတည်ပြုရန် သဘောတူခဲ့သည်။ 

ကမ္ဘာပေါ်တွင် သစ်တောများ ပြုန်းတီးလာရခြင်းအကြောင်းများထဲတွင် လူဦးရေ တိုးပွားလာမှုကြောင့် လိုအပ်သည့် စားနပ် ရိက္ခာအတွက် မြေကို ချဲ့ထွင်စိုက်ပျိုးခြင်းများ၊ စီးပွားရေးအရ သစ်ထုတ်ယူလိုသည့် ရည် ရွက်ချက်ဖြင့် ခုတ်လဲခြင်းများ၊ မြစ်ချောင်းများ ပိတ်၍ ရေလှောင်တမံတည်ဆောက်ခြင်း များ၊ ငါးပုစွန်ကန်များ တူးခြင်းများ၊ မြို့ရွာ အိမ်ခြေတိုက်တာများ၊  စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတား၊ လျှပ်စစ်မီးများ တိုးချဲ့တည် ဆောက်လာခြင်းများ၊ သယံဇာတထုတ် ယူသုံးစွဲမှု စသည်များသည် သဘာဝပတ် ဝန်းကျင်ကို ယိုယွင်းပျက်စီးစေပြီး ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကိုလည်း လဲ လှယ်လိုက်ရကြောင်း ဦးဇော်မင်းသိန်းက အ ဆိုတင်သွင်းစဉ်က ပြောကြားခဲ့သည်။

ဘူတန်နိုင်ငံတွင် ၎င်းင်းတို့နိုင်ငံသားများ အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်း ကျင်ကို မပျက်စီးစေရန် နိုင်ငံ သစ်တောဧရိ ယာကို ရာခိုင်နှုန်း ၆၀ အောက်  မရောက်စေရ ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ထည့် သွင်း ပြဌာန်းထားကြောင်းသိရပြီး မြန်မာနိုင်ငံ၏ သစ်တောအခြေအနေ၊ ကြုံတွေ့လာနေရ သည့် သဘာဝပတ်ဝန်း ကျင်ပြောင်းလဲ မှုများ ကို အားလုံးသိနေကြပြီ ဖြစ်သည့်အတွက် အလေးအနက်ထားသင့်ကြောင်း ၎င်းင်းက ပြောကြားသည်။                       

 

Most Read

Most Recent