စက်မှုဇုန်အတွင်း ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေကွက်များကို ဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး တင်ပြသော စီမံကိန်းနှစ်နှစ်အတွင်း ပြီးစီးအောင်မလုပ်ကိုင်ပါက မြေကာလတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းဆည်းမည့်အချက်ပါဝင်သော စက်မှုဇုန်ဥပဒေကြမ်း တင်သွင်း

စက်မှုဇုန်အတွင်း ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေကွက်များကို ဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး တင်ပြသော စီမံကိန်းနှစ်နှစ်အတွင်း ပြီးစီးအောင်မလုပ်ကိုင်ပါက မြေကာလတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းဆည်းမည့်အချက်ပါဝင်သော စက်မှုဇုန်ဥပဒေကြမ်း တင်သွင်း
Published 17 August 2019
စည်သူ

စက်မှုဇုန်အတွင်း လက်ရှိရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေကွက်များကို ဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး တင်ပြသော စီမံ ကိန်းနှစ်နှစ်အတွင်း ပြီးစီးအောင်မလုပ်ကိုင်ပါက မြေကာလတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းဆည်းမည့် အချက်ပါဝင်သော စက်မှုဇုန်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ သြဂုတ် ၁၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှု နှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ယင်းဥပဒေကြမ်းအား တင်သွင်းခဲ့ ခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းတွင်စက်မှုဇုန်အ တွင်း မြေကွက်များအား လက်ရှိရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေကွက်များကို ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်တင်ပြ၍ အတည် ပြုချက်ရယူရမည်။ တင်ပြသောစီမံကိန်းကို နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက ဒေသဆိုင်ရာကော်မတီက သတ်မှတ်သော မြေကာလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဖြင့် ပြန်လည်သိမ်းဆည်း၍ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအား လွှဲပြောင်းပေးခြင်းကိုခံယူရမည်ဟု အဆိုပြု ပြဌာန်းချက်အဖြစ် ဖော်ပြထားသည်။

ယင်းအဆိုပြုပြဋ္ဌာန်းချက်အား တည်ထောင်ပြီး စက်မှုဇုန်အတွင်း မြေကွက်များအား ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေကွက်များကို စက်မှုဇုန်အဖြစ် သတ်မှတ်ကြေညာသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်တင်ပြ၍ အတည်ပြုချက်ရယူရမည်။ တင်ပြသောစီမံကိန်းကို သတ် မှတ်ကာလအလိုက် ပြီးစီးအောင် လုပ်ကိုင် ခြင်းမရှိပါက ဒေသဆိုင်ရာကော်မတီက သတ်မှတ်သော မြေကာလတန်ဖိုး၏ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းဆည်း၍ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအား လွှဲပြောင်းပေးခြင်းကို ခံယူရမည်ဟု ဥပဒေ ကြမ်းကော်မတီက စိစစ်ချက်အဖြစ် တင်ပြ ထားသည်။

ထို့ပြင် ဒဏ်ငွေအနည်းဆုံး ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ချမှတ်နိုင်သော ပြစ်ဒဏ်၊ ခြောက်လထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ရမည့် ပြစ်ဒဏ်၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပြစ်ဒဏ်၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းထိ ငွေဒဏ်ချမှတ်နိုင်သည့်ပြစ်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်ရမည့်အပြင် ခြောက် လထက်မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည့် ပြစ်ဒဏ်တို့အားလည်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။                      

 

 

Most Read

Most Recent