မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်းတွင် ခြောက်ရက်ကြာရပ်နားခဲ့သော ကုန်တင်ယာဉ်ကြီးများ ဂျိုင်း (ကျုံဒိုး) ပွန်တွန်းတံတားမှ စတင်ဖြတ်သန်းခွင့်ပြု

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်းတွင် ခြောက်ရက်ကြာရပ်နားခဲ့သော ကုန်တင်ယာဉ်ကြီးများ ဂျိုင်း (ကျုံဒိုး) ပွန်တွန်းတံတားမှ စတင်ဖြတ်သန်းခွင့်ပြု
Photo: Ko Kyaw Myo Naing
Photo: Ko Kyaw Myo Naing
Published 15 August 2019
ကိုရွှေသိန်း(မကွေး)

မိုးသည်းထန်စွာရွာသွန်းပြီး ဂျိုင်း မြစ်ရေမြင့်တက်လာမှုကြောင့် မြဝတီနယ်စပ် ကုန်သွယ်လမ်းကြောင်းတွင် ရေအကျကို ခြောက်ရက်ကြာ ရပ်နားစောင့်ဆိုင်းနေခဲ့ရသော ကုန်တင်ယာဉ်များမှာ ဂျိုင်း(ကျုံဒိုး) ပွန်တွန်းတံတားမှ သြဂုတ် ၁၅ ရက် နံနက် ၈ နာရီခွဲခန့်က စတင်ဖြတ်သန်းပြီ ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ၊ ဘားအံ - အိန္ဒု -ကော့ ကရိတ်-မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်း မှဂျိုင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော ဂျိုင်း(ကျုံဒိုး) ပွန်တွန်း တံတားပေါ်မှ ကုန်ကားကြီးများ သြဂုတ် ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၃ဝမှ စတင်၍ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း ကရင်ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ဂျိုင်းမြစ်ရေကြီးပြီး ကမ်းနှစ်ဖက် ရေလျှံတက်မှုကြောင့် ဂျိုင်းပွန်တွန်း တံတား ဖြတ်သန်းခွင့်ကို သြဂုတ် ၉ ရက်တွင် ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။ကုန်ကား ကြီးများမှာ သြဂုတ် ၉ ရက်မှစ၍ ရပ်နားပြီး ရေအကျကို စောင့်ဆိုင်းနေရခြင်းဖြစ်ကာ တစ်ဖက်လျှင်ကုန်တင်ယာဉ်အစီး ၅ဝဝကျော် ရှိခဲ့ကြောင်း သိရသည်။

ကုန်သွယ်ယာဉ် ခါရီကားများ ခရီးသည်ယာဉ်များအားကြိုးတံတားပေါ်မှ ဖြတ်သန်းခွင့်ရသော်လည်း ကုန်တင်ယာဉ်တွဲကားများ ရေအကျကို စောင့်ဆိုင်းနေခဲ့ရကာ ယာဉ်မောင်းများ ၊ကုန်သည်များအား စားသောက် ရေးအဆင်ပြေစေရန် နယ်စပ်ဒေသ သယ်ယူ ပို့ဆောင်ရေးနှင့်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းနှင့်စေတနာရှင်များ ထမင်းနှင့်စား သောက်ဖွယ်ရာများကို လှူဒါန်းနေသည်။

ယခုအခါ ဂျိုင်းမြစ်ရေ ကျဆင်းလာမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကရင်ပြည်နယ် လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်ကားကြီးများကို စနစ်တကျ ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။

AwRa Trading Co,ltd .(ThaiGas )  မှ LPGas Bowser ကုန်ပါ တွဲကားကြီများအား  TSEC တန် ၆၀ ခံနိုင်ဝန်ရှိသော တံတားပေါ်မှ လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ကြောင်း ပြသသည့်အနေဖြင့် ဦးစွာဖြတ်သန်းခဲ့ပြီးနောက် ကုန်တင်ယာဉ်တွဲကားကြီးများအား ဖြတ် သန်း မောင်းနှင်စေခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent