မက္ကဆီကိုရောက် ဒုက္ခသည်များ

မက္ကဆီကိုရောက် ဒုက္ခသည်များ
Published 27 July 2019
မြတ်သစ်

ဟွန်ဒူးရပ်(စ်) နိုင်ငံသား ရိုလန်ဒိုဂိုဒရီရို သည် ပြီးခဲ့သည့် ရက်သတ္တပတ်ကမှ မက္ကဆီကို သို့ ရောက်လာခဲ့သူဖြစ်သည်။ သူ့တစ်ခု တည်း သော ရည်မှန်းချက်က အမေရိကန်ပြည် ထောင်စုသို့ သွားရောက်ရေးဖြစ်ပြီး ဟွန်ဒူး ရပ်(စ်)သည် ဆင်းရဲမွဲတေမှုများအတိပြီး နေသည်။ လက်နက်ကိုင်အဖွဲ့များကြောင့် လုံခြုံမှုမရှိ။

ဂိုဒရီရိုဆီကို ရောက်သည့်အချိန်မှာတော့ မက္ကဆီကိုအာဏာပိုင်တွေ ၀ါရှင်တန်၏ မေတ္တာရပ်ခံချက်ကြောင့်လော၊ အမိန့်ပေး ခြင်းကြောင့်လော မသိရ၊ ဗဟိုအမေရိကတိုက် မှ ရောက်လာသော ရွှေ့ပြောင်းဒုက္ခသည် များကို မက္ကဆီကို အာဏာပိုင်တွေက ထိန်း ချုပ်မှုတွေ၊ စိစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေ ကြသည်။ အမေရိကန် အိပ်မက်ကို မက်နေ ကြကုန်သော ရွှေ့ပြောင်းဒုက္ခသည်တွေသည် အိပ်မက်အကောင်အထည်ဖော်ဖို့ ခက်ခဲ နေသည်။

ရွှေ့ပြောင်းဒုက္ခသည်များအနေဖြင့် တရားဝင် အထောက်အထားမရှိခဲ့ပါက သူတို့ အနေဖြင့် မက္ကဆီကိုမှနေ၍ အမေရိကန်တွင်း ဝင်ခွင့်မရအောင် လုပ်ဆောင်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အီဘရာဒ်ကို ချီးကျူးစကားပြောလိုက်သည်။ တာပါချူလာမြို့ရောက်နေသော ဟွန်ဒူးရပ်(စ် ) နိုင်ငံသား ဂိုဒရီရိုသည် သုံးနှစ်အရွယ်သားငယ် လေးကို လက်တွဲပြီး မြို့လယ်ရှိ ရင်ပြင်တွင်  တဝဲလည်လည် ဖြစ်နေခဲ့သည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်သော ဂိုဒရီရို၊ ဇနီးဖြစ်သူ မီရီယမ်၊ သားဖြစ်သူ ဂါဒီယယ်နှင့် သမီးငယ်တစ်ဦးကို လက်တွဲပြီး မက္ကဆီကို ရောက်ခဲ့ခြင်းဖြစ်သည်။ သူတို့ မိသားစုလက် ထဲမှာ ပါလာသည့် ပိုက်ဆံလည်း ကုန်သွား သဖြင့် ထမင်းတစ်နပ်စားရန်အတွက် အခက် အခဲများ ကြုံတွေ့ခဲ့ရသည်။

ဇွန်လက မက္ကဆီကို အာဏာပိုင်များ သည် ဂွါတီမာလာနယ်စပ်၊ ထို့ပြင် အမေရိ ကန်ပြည်ထောင်စုနယ်စပ်များတွင် တပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များထားပြီး ရွှေ့ပြောင်း ဒုက္ခသည်များ ဝင်လာမှု၊ ထွက်ခွာမှုကို တင်း တင်းကျပ်ကျပ်တားဆီးခဲ့သည်။ ရာဇဝတ်မှု ထူပြောနေသည့် ဗဟိုအမေရိကနိုင်ငံများ ဖြစ်သည့် ဘီလီဇီ၊ ကော့စတာရီကာ၊ အယ်ဆာ ဗေဒို၊ ဂွါတီမာတာ၊ ဟွန်ဒူးရပ်(စ်)၊ နီကာရာဂွါ နှင့် ပနားမားနိုင်ငံမှ ဝင်ရောက်လာကြသော ရွှေ့ ပြောင်းဒုက္ခသည်များ တင်းတင်းကျပ်ကျပ် ထားမြစ်ခဲ့သည်။

ဂိုဒရီရိုမိသားစုကတော့ ကံကောင်း သည်ဟု ဆိုနိုင်သည်။ လုံခြုံရေးထူထပ်စွာ ချထားသည့် မက္ကဆီကို-ဂွါတီမာလာနယ်စပ် အနီးရှိ ဆူချီယာတေးမြစ်မှနေ၍ ဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။ လမ်းကြောင်း သိထားရင် သွားရတာမခက်ပါဖူးဟု ဂိုဒရီရိုက ပြောပြသည်။ နောက်ပိုင်းတွင်မူ ဆူချီယာတေးမြစ် တစ်လျှောက်လုံး မက္ကဆီကိုအစိုးရက လုံခြုံ ရေးတင်းကျပ်ထားခဲ့သည်။

မက္ကဆီကိုသို့ ရောက်ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံသို့ အခြေချရန် မလွယ်ကူ သဖြင့် ဂိုဒရီရိုမိသားစုသည် မက္ကဆီကိုမှာပဲ ခေတ္တအခြေစိုက်ရမည့် အခြေအနေဆိုက် ရောက်နေသည်။ သည်မှာပဲ တစ်နှစ်တန် သည် နှစ်နှစ်တန်သည်နေဖို့ ဆုံးဖြတ်ထား သော ဂိုဒရီရိုသည် တစ်ဝမ်းတစ်ခါးအတွက် ကွန်ပျူတာပြင်သည့် အလုပ်လုပ်နေရသည်။ ဟွန်ဒူးရပ်(စ်)၊ ဂွါတီမာလာနှင့် အယ်ဆာဗေဒို နိုင်ငံသားတို့သည် မက္ကဆီကိုတောင်ပိုင်းသို့ ယမန်နှစ် အောက်တိုဘာမှစ၍ တရားမဝင် ဝင်ရောက်မှုများ မြင့်တက်လာခဲ့သည်။

၂၀၁၉ မေတွင် အမေရိကန်သမ္မတ ထရန့်က မက္ကဆီကိုနိုင်ငံအနေဖြင့် နယ်စပ် မှနေ၍ အမေရိကန်နိုင်ငံတွင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက် လာမှုကို မတားဆီးပါက အမေရိကန်အနေ ဖြင့် မက္ကဆီကို နိုင်ငံအပေါ် ထုတ်ကုန်သွင်း ကုန်များအပေါ် အခွန်စည်းကျပ်မှု အသစ် များ ချမှတ်မည်ဟု ရာဇသံပေးခဲ့သည်။ မက္ကဆီကိုနိုင်ငံမှနေ၍ အမေရိကန်ပြည် ထောင်စုသို့ နယ်စပ်မှနေ၍ ဒုက္ခသည်များ တရားမဝင် ဝင်ရောက်မှုကို ၃၆ ဒသမ ၂ ရာ ခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်းဖြင့် မက္ကဆီ ကိုနိုင်ငံခြားရေးဝန်ကြီး အီဘရက်ဒ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ မိမိ အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုနှင့် ၄၅ ရက်အကြာတွင် ထပ်မံတွေ့ ဆုံပြီး ရွှေ့ပြောင်းဒုက္ခသည်များအရေးကို ထပ်မံဆွေးနွေးမည်ဟု အီဘရက်ဒ်က ပြော ကြားခဲ့သည်။

တာပါချူလာရောက်နေကြသော အခြား ရွှေ့ပြောင်းဒုက္ခသည်များထဲမှာ ကျူး ဘား၊ ဟေတီ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေလည်း ပါဝင်နေသည်။ ဟွန်ဒူးရပ်(စ်) မှ ဟိုဆေးဂျင်မီနက်သည် ဇနီး အိုက်ရစ်၊ သမီး အေလင်းတို့နှင့်အတူ တခြားနိုင်ငံအသီး သီးမှ ရောက်နေကြသော ဒုက္ခသည်တွေနှင့် အလိုက်သင့် အလျားသင့်နေနေရသည်။ ဂျင် မီနက်သည် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူများ၏ အန္တရာယ်ကြောင့် အသက်ဘေးစိုးရိမ်နေခဲ့ခြင်းကြောင့် ဟွန်ဒူး ရပ်(စ်)နိုင်ငံတွင် လုပ်ငန်းတစ်ခုရထားပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရခြင်းကြောင့် ဘေးကင်းရာအရပ်ကို ထွက်ပြေးလာခဲ့ခြင်းဖြစ် သည်။

ဂျင်မီနက်မိသားစုသည် လွန်ခဲ့သော တစ်လခန့်က ဆူချီယာတေးမြစ်ကို ဖြတ်ကျော် ပြီး မက္ကဆီကိုရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ သူတို့ မိသားစုသည် မက္ကဆီကိုအစိုးရထံ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသည်။ သူတို့ မိသားစု အမေရိကန်နယ်စပ်သို့ သွားလာခွင့် ရရေးအတွက် လူသားချင်းစာနာထောက်ထား မှု ဗီဇာကိုလည်း မက္ကဆီကို အာဏာပိုင်ထံ လျှောက်ထားသည်။

ကျွန်တော်အလုပ်ရှာလို့ မရသေးပါဘူး ဟု ဂျင်မီနက်က ပြောကြားသည်။ သူတို့ မိသားစုသည် မက္ကဆီကို အရှေ့မြောက်ဘက် ရှိ စက်မှုမြို့တော် ရောက်ရှိနေကြသည်။ အခြားရွှေ့ပြောင်း ဒုက္ခသည်များနည်းတူ ဂျင်မီနက်၏ဇနီးသည် အိုက်ရစ်သည် အမေ ရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို မျှော်လင့်နေ ဆဲဖြစ်သည်။ လက်ရှိ အချိန်မှာတော့ ဂျင်မီ နက်မိသားစုသည် မြို့ပြင်ရှိ အိမ်တစ်လုံး၏ အခန်းတစ်ခုထဲမှာ အိပ်စက်နေကြရသည်။ ဂျင်မီနက်တို့ကဲ့သို့ပင် မက္ကဆီကို ရောက်နေ ကြသော ဗဟိုအမေရိကမှ ရွှေ့ပြောင်းဒုက္ခ သည်များသည် အမေရိကန်အိပ်မက်သည် တစ်စထက် တစ်စလျော့ပါးလာပြီး မက္ကဆီကို မှာပဲ သူတို့ဘဝကို အဆုံးသတ်ရမည့်အဖြစ် ကြောင့် မက္ကဆီကို အိပ်မက်ကို မက်ရမည့် အခြေအနေ ရောက်နေကြသည်။

Most Read

Most Recent