ရန်ကုန်နှင့်ပွဲတွင် အကောင်းဆုံးရလဒ်ရယူနိုင်ရန် ယှဉ်ပြိုင်သွားမည်ဟုရှမ်းယူနိုက်တက်နည်းပြချုပ် ပြောကြား

ရန်ကုန်နှင့်ပွဲတွင် အကောင်းဆုံးရလဒ်ရယူနိုင်ရန် ယှဉ်ပြိုင်သွားမည်ဟုရှမ်းယူနိုက်တက်နည်းပြချုပ် ပြောကြား
Photos: Shan United Facebook
Photos: Shan United Facebook
Published 23 June 2019

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ ဒုတိယမြောက် အိမ်ကွင်းပွဲအဖြစ် ရန်ကုန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲရလဒ်မှာ ထိပ်ဆုံးနေရာအတွက် အရေးပါနေသည်။

 

ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယနေ့ယှဉ်ပြိုင်မည့်ပွဲတွင် အကောင်းဆုံးရလဒ်ရရှိရန် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ ဒုတိယမြောက် အိမ်ကွင်းပွဲအဖြစ် ရန်ကုန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲရလဒ်မှာ ထိပ်ဆုံးနေရာအတွက် အရေးပါနေသည်။ သို့ဖြစ်ရာ ဦးအောင်နိုင်က "ဒုတိယ အကျော့အဖွင့်ပွဲမှာ လိုချင်တဲ့ရလဒ်မရခဲ့တာကြောင့် ဒီပွဲကိုသေချာပြင်ဆင်ပြီး ကစားမှာပါ။ အဲဒီပွဲက လိုအပ်ချက်၊ အားနည်းချက်တွေ ကိုလည်း ပြန်ပြင်ဆင်ထားပါတယ်။ ရန်ကုန်အသင်းဆိုတာ အသင်းကြီးဖြစ်တဲ့အပြင် ကစားသမားကောင်းတွေလည်း အများကြီး ရှိပါတယ်။ ဒီလိုအသင်းမျိုးကို ဘယ်လိုရင် ဆိုင်ရမလဲဆိုတာလည်း ကြိုတင်ပြင်ဆင်ထား ပြီးဖြစ်ပါတယ်။ ဒီပွဲအတွက် ဖိအားမရှိဘဲ အကောင်းဆုံးရလဒ်ရဖို့ ကြိုးစားသွား မှာပါ" ဟု ပြောကြားသည်။

ရှမ်းယူနိုက်တက်အသင်းသည် ဦးအောင် နိုင်လက်ထက်တွင်ရန်ကုန်အသင်းနှင့် ပထမ အကျော့တွေ့ဆုံရာ အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရထားသည်။ ယင်းပွဲအနိုင်ရလဒ်ကြောင့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပထမအကျော့အပြီးတွင် ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် ယခုရာသီတွင် ရှုံးပွဲမရှိသေး သည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

 

Most Read

Most Recent