ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းကြီးများနှင့်အပြိုင် ငွေသုံးသွားမည်ဖြစ်ကြောင်း ယာဂန်ကလော့ပ် ပြောကြား

ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းကြီးများနှင့်အပြိုင် ငွေသုံးသွားမည်ဖြစ်ကြောင်း ယာဂန်ကလော့ပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 21 June 2019

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က မိမိတို့အနေဖြင့် ပြိုင်ဘက်အသင်းများကို ယှဉ်ပြိုင်နိုင်ရေးအတွက် ကစားသမားသစ်များ ခေါ်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းကြီးများနှင့်အပြိုင် ငွေသုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဒုတိယရရှိခဲ့သည်။ သို့သော် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က မိမိတို့အနေဖြင့် ပြိုင်ဘက်အသင်းများကို ယှဉ်ပြိုင်နိုင်ရေးအတွက် ကစားသမားသစ်များ ခေါ်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကလော့ပ်က "လီဗာပူးလ်အသင်းက ရည်မှန်းချက်ကြီးမားတဲ့ အသင်းပါ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ တခြားအသင်းတွေလို ငွေမသုံးဘူးဆိုရင် သူတို့ကိုယှဉ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အသင်းတိုင်း ငွေတွေသုံးနေကြသလို ကျွန်တော်တို့လည်း အဲဒီလိုလုပ်ဖို့ လိုပါတယ်"ဟု ဂျာမန်ရုပ်သံ ZDF နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုနွေရာသီတွင် တိုက်စစ်မှူး စတာရစ်ချ်နှင့် နောက်ခံလူ မော်ရီနိုတို့ကို အသင်းမှထွက်ခွာခွင့်ပေးထားပြီး ၎င်းတို့နေရာတွင် အစားထိုးရန်အတွက် ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ကစားသမား (၁၂) ဦးခန့်ကို စောင့်ကြည့်နေပြီး ယင်းထဲတွင် လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာ၊ ဘုန်းမောက်တောင်ပံကစားသမား ဖရေဆာ၊ အေဂျက်စ်နောက်ခံလူ ဒီလစ်နှင့် ဘက်တစ်အသင်းဘယ်နောက်ခံလူ ဂျူနီယာဖာပိုတို့ ပါဝင်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းသည် မော်ရီနို၏ နေရာတွင်အစားထိုးရန်အတွက် ဘက်တစ်အသင်းနောက်ခံလူ ဂျူနီယာဖာပို (၂၂ နှစ်)ကို စာချုပ်ပါလျော်ကြေး ယူရို (၄၅) သန်းဖြင့် ခေါ်ယူရန်ပြင်ဆင်နေကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။

Most Read

Most Recent