နေမာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃ဝဝ)အထိ PSG အသင်း အလိုရှိနေပြီး လာလီဂါထိပ်သီးနှစ်သင်းစလုံးနှင့် သတင်းများထွက်ပေါ်နေ

နေမာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃ဝဝ)အထိ PSG အသင်း အလိုရှိနေပြီး လာလီဂါထိပ်သီးနှစ်သင်းစလုံးနှင့် သတင်းများထွက်ပေါ်နေ
Photos: AS & Getty Images
Photos: AS & Getty Images
Published 21 June 2019

PSG အသင်းသည် ဘရာဇီးလ်တိုက်စစ်မှူး နေမာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃ဝဝ)အထိ အလိုရှိနေပြီး လာလီဂါထိပ်သီးနှစ်သင်းစလုံးက ၎င်းကိုကမ်းလှမ်းမှုများ အပြိုင်အဆိုင်ပြုလုပ်လာကြကြောင်း သိရှိရသည်။

PSG အသင်းသည် ဘရာဇီးလ်တိုက်စစ်မှူး နေမာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃ဝဝ)အထိ အလိုရှိနေပြီး လာလီဂါထိပ်သီးနှစ်သင်းစလုံးက ၎င်းကိုကမ်းလှမ်းမှုများ အပြိုင်အဆိုင်ပြုလုပ်လာကြကြောင်း သိရှိရသည်။

    

နေမာသည် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ယူရို(၂၂၂)သန်းဖြင့် ပြောင်းရွှေ့ ကာ ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး PSG အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်သာ ပြန်လည်ရောင်းထုတ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နေမာကို ဦးတည်၍ ကစားသမားများအနေဖြင့် အမူအကျင့်များကို ပြင်ဆင်ရန် သတိပေးခဲ့သလို၊ နေမာကလည်း အသင်းမှထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဘာစီလိုနာနှင့် ရီးယဲလ်တို့က အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

    

ဘာစီလိုနာအသင်းသည်  နေမာအတွက် ဒမ်ဘီလီ၊ ရာကီတစ်၊ အမ်တီတီ စသည့်ကစားသမား(၃)ဦးကို အလိုက်ပေးကမ်းလှမ်းခဲ့ရာ PSG အသင်းက လက်ခံဖွယ်ရှိနေကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။ 

သို့သော် ရီးယဲလ်အသင်းကလည်း ငွေသားယူရို သန်း(၁၃၀)နှင့် ဂါရတ်ဘေးလ် သို့မဟုတ် ဟာမီးစ်ရိုဒရီဂွက်ဇ် တစ်ဦးဦးကို အလိုက်ပေးမည်ဟု ကမ်းလှမ်းခဲ့သည့်အပြင် နေမာအား PSG အသင်းတွင် ရရှိနေသည့် လစာနှုန်းထားအတိုင်း ပေးချေသွားမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြန်သည်။ 

လေ့လာသူအချို့က ရီးယဲလ်အသင်းသည် ဟာဇက်အပါအဝင် ကစားသမားသစ်များအတွက် ငွေကြေးများစွာ သုံးစွဲထားပြီးဖြစ်သော်လည်း ပြိုင်ဘက်အသင်း အင်အားမကြီးထွားစေရန်အတွက် နေမာကို ကြိုးပမ်းနေခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ 

ထို့ပြင် လက်ရှိအနေအထားအရ လာလီဂါထိပ်သီး နှစ်သင်း၏ အားပြိုင်မှုကြောင့် PSG အသင်းအနေဖြင့် နေမာအတွက် ၎င်းတို့မျှော်လင့်ထားသည့် ပြောင်းရွှေ့ကြေးတန်ဖိုးကို ရရှိဖွယ်ရှိနေ သည်ဟုလည်း ခန့်မှန်းနေကြသည်။ 

စပိန်မီဒီယာအချို့ကမူ နေမာသည် ရီးယဲလ်အသင်းထက် အသင်းဟောင်း ဘာစီလိုနာအသင်းကို ဦးစားပေးရွေးချယ်ဖွယ်ရှိသည်ဟု ဖော်ပြနေကြသည်။ 

ဘာစီလိုနာအသင်းက  အေဂျက်စ်ကွင်းလယ်လူ ဒီယွန်းနှင့် အက်သလက်တီကိုမင်နဲရိုးနောက်ခံလူ အီမာဆင်တို့နှစ်ဦးကိုသာ ခေါ်ယူထားပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၉၀)နီးပါးသာ အသုံးပြုထားရသေးသောကြောင့်လည်း ငွေသုံးစွဲရန် အလားအလာပိုများသည်ဟု သုံးသပ်ကြခြင်းဖြစ်သည်။

Most Read

Most Recent