ဆာရီအတွက် လျော်ကြေးပေါင် (၇)သန်းဖြင့် ဂျူဗင်တပ်စ်အသင်း၏ကမ်းလှမ်းမှုကို ချယ်လ်ဆီး လက်ခံ

ဆာရီအတွက် လျော်ကြေးပေါင် (၇)သန်းဖြင့် ဂျူဗင်တပ်စ်အသင်း၏ကမ်းလှမ်းမှုကို ချယ်လ်ဆီး လက်ခံ
Photo: Getty Images
Photo: Getty Images
Published 14 June 2019

ဂျူဗင်တပ်စ်အသင်းသည် ဆာရီအား နည်းပြအဖြစ် ခန့်အပ်ရန်အတွက် လျော်ကြေးပေါင် (၇) သန်းဖြင့် ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက လက်ခံလိုက်ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ဆာရီအား နည်းပြအဖြစ် ခန့်အပ်ရန်အတွက် လျော်ကြေးပေါင် (၇) သန်းဖြင့် ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက လက်ခံလိုက်ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲခဲ့သည့် နည်းပြ အယ်လီဂရီ၏ နေရာတွင် ချယ်လ်ဆီးနည်းပြ ဆာရီကို အစားထိုးခန့်အပ်ရန် စီစဉ်နေပြီး ဇွန်လ (၁၃) ရက်နေ့ (ကြာသပတေး)ညက ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၆၀) နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ ဆာရီသည် ချယ်လ်ဆီးအသင်းတွင် တစ်နှစ်လစာ ပေါင် (၅) သန်းရရှိနေသူဖြစ်ပြီး ၎င်း၏စာချုပ်မှာ (၂) နှစ် ကျန်ရှိနေသေးသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ဆာရီအား ခေါ်ယူလိုနေသည့် ဂျူဗင်တပ်စ်အသင်းထံမှ လျော်ကြေးရရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

Daily Mail သတင်းစာ၏ဖော်ပြမှုအရ ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ပါရာတီစီသည် ဇွန်လ (၁၃) ရက်နေ့က လန်ဒန်မြို့တွင် ချယ်လ်ဆီးအားကစားဒါရိုက်တာ ဂရာနော့ဗ်စကာယီယာနှင့် တွေ့ဆုံကာ ဆာရီအား ခေါ်ယူရေးအတွက် ဆွေးနွေးခဲ့ပြီး လျော်ကြေးပေါင် (၇) သန်းပေးချေရန် ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက  လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်တော့မည်ဖြစ်ပြီး (၃) နှစ်စာချုပ်ချုပ်သွားရန် ဆာရီနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။ ဆာရီသည် ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာ ပေါင် (၆.၂) သန်း ရရှိမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းသည် အသင်းမှ နည်းပြ ဆာရီထွက်ခွာကြောင်းကို လာမည့် (၂၄)နာရီအတွင်း ကြေညာသွားမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် နည်းပြ ဆာရီနေရာတွင် အစားထိုးရန် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီကို ပစ်မှတ်ထားခဲ့သော်လည်း အယ်လီဂရီက မိမိအနေဖြင့် တစ်နှစ်အနားယူမည်ဟု ပြောကြားခဲ့သည့်အတွက် အသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဒါဘီအသင်းနည်းပြ လမ်းပတ်ကို နည်းပြအဖြစ် ခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent