စပါး၌ ဆက်နေဖွယ်ရှိကြောင်း ပိုချက်တီနို အရိပ်အမြွက်ပြောကြား

စပါး၌ ဆက်နေဖွယ်ရှိကြောင်း ပိုချက်တီနို အရိပ်အမြွက်ပြောကြား
Photos : AFP
Photos : AFP
Published 3 June 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ရှုံးနိမ့်ပြီးနောက် လာမည့်ရာသီတွင် ဆက်လက်ကိုင်တွယ်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။

ပိုချက်တီနိုသည် ယင်းပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် အနာဂတ်ရည်မှန်းချက်များအား ရှင်းလင်းစွာမသိရပါက လမ်းခွဲဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း ဗိုလ်လုပွဲသို့ ထပ်မံတက်ရောက်ခွင့်ရရန် ကြိုးပမ်းလိုကြောင်း အရိပ် အမြွက်ပြောကြားခြင်းဖြစ်သည်။

'' ဒီလိုအတွေ့အကြုံမျိုး ခံစားပြီးတဲ့အခါမှာ နောက်တစ်ကြိမ် ထပ်ခံစားချင်လာတယ်။ အနာဂတ်မှာလည်း ဒီလိုမျိုးထပ်ပြီးစွမ်းဆောင်နိုင်ဦးမယ် လို့ မျှော်လင့်ပါတယ်။ အခုအချိန်က စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရမှာပါ။ ကျွန်တော်တို့ ဆွေးနွေးဖို့အတွက် အချိန်ယူသွားမှာပါ''ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဟာရီကိန်းအား ပွဲထွက်စာရင်း၌ အသုံးပြုခြင်းမှာ မိမိဆုံးဖြတ်ချက်ဖြစ်ပြီး ပွဲရလဒ်မှာ ၎င်းနှင့်မသက်ဆိုင်ဟု ပိုချက်တီနိုက ဆက်လက်ပြောကြားသည်။

Most Read

Most Recent