ပေါ်တူဂီလက်ရွေးစင်အသင်းမှ အနားယူရန် စီရော်နယ်လ်ဒို တိုက်တွန်းခံနေရ

ပေါ်တူဂီလက်ရွေးစင်အသင်းမှ အနားယူရန် စီရော်နယ်လ်ဒို တိုက်တွန်းခံနေရ
Photo: AFP
Photo: AFP
Published 11 July 2024

ပေါ်တူဂီဝါရင့်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန်တိုက်တွန်းခံနေရကြောင်း သိရသည်။

အသက် (၃၉)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းအတွက် (၅) ပွဲစလုံး ပါဝင်ကစားခဲ့သော်လည်း တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိသလို၊ ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ယခုအခါ ဘောလုံးဝေဖန်သူများဖြစ်သည့် အီယန်ရိုက်၊ ရွိုင်ကင်းနှင့် ဂယ်ရီနဗီးလ်တို့က ၎င်းကို ပေါ်တူဂီအသင်းမှအနားယူရန် တိုက်တွန်းပြောကြားခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်နောက်ခံလူဟောင်း လာလားစ်ကလည်း ပေါ်တူဂီနည်းပြ မာတီနက်ဇ်အနေဖြင့် စီရော်နယ်လ်ဒိုကို ပွဲတိုင်းအသုံးပြုခဲ့ခြင်းကြောင့် ပေါ်တူဂီအသင်းမှာ နစ်နာခဲ့ရပြီး အသက် (၃၉)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုအနေဖြင့် ယူရိုပြိုင်ပွဲမဟုတ်ဘဲ အလှူလုပ်သည့်ပွဲများတွင်သာ ကစားသင့်တော့ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent