လီဗာပူးလ် ချန်ပီယံလိဂ်ရရှိခဲ့သဖြင့်ရိုးမားအသင်း ယူရို (၅)သန်း ရရှိ

လီဗာပူးလ် ချန်ပီယံလိဂ်ရရှိခဲ့သဖြင့်ရိုးမားအသင်း ယူရို (၅)သန်း ရရှိ
Photos: AFP
Photos: AFP
Published 2 June 2019

ရိုးမားအသင်းသည် လီဗာပူးလ်အသင်းထံသို့ ဂိုးသမား အယ်လစ်ဆန်နှင့်  ဆာလာတို့ကိုရောင်းချခဲ့စဉ်က ယင်းကစားသမားများလီဗာပူးလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားရရှိခဲ့ပါက ငွေကြးထပ်မံပေးချေရမည့် အချက်ကို ထည့်သွင်းခဲ့သည်။

 

ပြီးခဲ့သည့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် စပါးအသင်းကို အနိုင်ယူပြီး လီဗာပူးလ်အသင်း ဗိုလ်စွဲခဲ့သဖြင့် ရိုးမားအသင်း ယူရို (၅)သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ရိုးမားအသင်းသည် လီဗာပူးလ်အသင်းထံသို့ ဂိုးသမား အယ်လစ်ဆန်နှင့်  ဆာလာတို့ကိုရောင်းချခဲ့စဉ်က ယင်းကစားသမားများလီဗာပူးလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားရရှိခဲ့ပါက ငွေကြးထပ်မံပေးချေရမည့် အချက်ကို ထည့်သွင်းခဲ့သည်။

ရိုးမားအသင်းရရှိမည့် အပိုငွေကြေးပမာဏကို အတိအကျ မသိရှိရသေးသော်လည်း အီတလီမီဒီယာများက ယူရို (၅)သန်းဝန်းကျင်ရရှိဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ရိုးမားအသင်းသည် ဆာလာအတွက် ပြောင်းရွှေ့ကြေး ယူရို (၄၂) သန်းနှင့် အယ်လစ်ဆန်အတွက် ပြောင်းရွှေ့ကြေး ယူရို (၆၂ .၅)သန်း ရရှိခဲ့သည်။

Most Read

Most Recent