ဖီအိုရင်တီးနားအသင်းကို ယူရိုသန်း (၂၀၀)ဖြင့်ရောင်းချသွားဖွယ်ရှိ

ဖီအိုရင်တီးနားအသင်းကို ယူရိုသန်း (၂၀၀)ဖြင့်ရောင်းချသွားဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 2 June 2019

ဖီအိုရင်တီးနားအသင်းကို နှစ်ကာလများစွာ ပိုင်ဆိုင်ခဲ့သော ဒယ်လာဗယ်လီမိသားစုနှင့် ဘုတ်အဖွဲ့ဝင်များ ဆွေးနွေးမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ခေါ်ယူသွားရန် သဘောတူခဲ့ခြင်းဖြစ်သည်။

 

ဖီအိုရင်တီးနားအသင်းသည် မကြာမီ အသင်းကိုရောင်းချသွားရန် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။  

ဖီအိုရင်တီးနားအသင်းကို နှစ်ကာလများစွာ ပိုင်ဆိုင်ခဲ့သော ဒယ်လာဗယ်လီမိသားစုနှင့် ဘုတ်အဖွဲ့ဝင်များ ဆွေးနွေးမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ခေါ်ယူသွားရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ဖီအိုရင်တီးနားအသင်း၏ ကြေညာချက်တွင် " အသင်းပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်လာစေရန် ဘုတ်အဖွဲ့ဝင်များအားလုံး သဘောတူညီခဲ့ကြောင်း၊ ဒယ်လာဗယ်လီ မိသားစုသည် အသင်းကို ပိုင်ရှင်အသစ်လက်ထဲ လွှဲပြောင်းပေးသွားရန် စီစဉ်နေပြီဖြစ်ပြီး ပိုင်ရှင်သစ်မှာ မည်သူမည်ဝါဖြစ်မည်ကို မပြောနိုင်သေးကြောင်း" ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ (၄ .၈)ဘီလီယံချမ်းသာကြွယ်ဝသူ အမေရိကန်-အီတလီကပြား ရော့ကိုကွန်မစ် က အသင်း၏ ရှယ်ယာ (၉၇)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ ဖီအိုရင်တီးနား ဘုတ်အဖွဲ့သည် အသင်းကို ယူရို သန်း (၂၀၀)ဝန်းကျင်ဖြင့်ရောင်းချသွားရန် စီစဉ်ထားသည်။

 

 

Most Read

Most Recent