ဒီဟေးယားအား တစ်ပတ်လစာငွေ ပေါင်(၃)သိန်းခွဲအထိ မန်ယူအသင်း တိုးမြှင့်ကမ်းလှမ်းခဲ့ပြီး အဖြေပြန်ပေးရန် တစ်ပတ်အချိန်ပေးထား

ဒီဟေးယားအား တစ်ပတ်လစာငွေ ပေါင်(၃)သိန်းခွဲအထိ မန်ယူအသင်း တိုးမြှင့်ကမ်းလှမ်းခဲ့ပြီး အဖြေပြန်ပေးရန် တစ်ပတ်အချိန်ပေးထား
Photos : AFP
Photos : AFP
Published 7 May 2019

မန်ယူအသင်းသည် အသင်း၏ စပိန်လက်ရွေးစင်ဂိုးသမား ဒီဟေးယားအား စာချုပ်သစ်ချုပ်ဆိုရန်အတွက် တစ်ပတ်လစာ ငွေ ပေါင်(၃)သိန်းခွဲအထိ တိုးမြှင့်ကမ်းလှမ်းလိုက်ကြောင်း သိရှိရသည်။

ဒီဟေးယားအနေဖြင့် ယင်းကမ်းလှမ်းမှုကို စဉ်းစားပြီးအဖြေပေးရန်အတွက် မန်ယူအသင်းတာဝန်ရှိသူများက ရက်သတ္တပတ် တစ်ပတ်(ယခုရာသီနောက်ဆုံးနေ့အထိ)အ ချိန်ပေးခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီတွင် ဒီဟေးယားကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ သော်လည်း လစာငွေပမာဏကို ညှိနှိုင်းမရသဖြင့် သူ့အား စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စမှာ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခု မန်ယူအသင်းတာဝန်ရှိသူများသည် မြင့်မားသည့်လစာငွေတစ်ရပ်ဖြင့် နောက်ဆုံး အကြိမ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဒီဟေးယားအနေဖြင့် မန်ယူအသင်းတွင် သူ၏အနာဂတ် ဆက်ရှိမရှိဆိုသည်ကို ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်ရတော့မည်ဖြစ်သည်။

ဒီဟေးယားအား ခေါ်ယူရန် ပြင်သစ်ကလပ် PSG အသင်းက ပစ်မှတ်ထားနေပြီး တစ်ပတ်လစာငွေ ပေါင်(၄)သိန်းခွဲအထိပေး ကာ ကမ်းလှမ်းမည်ဆိုသည့်သတင်းများလည်း မကြာသေးမီက ထွက်ပေါ်ခဲ့သည်။

မန်ယူအသင်းအနေဖြင့် ဒီဟေးယားနှင့် စာချုပ်သစ်ကိစ္စအတွက် သဘောတူညီမှုမရပါက ယခုနွေရာသီ်တွင် ၎င်းအား ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ခန့်ဖြင့် ရောင်းချဖွယ်ရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent