အင်္ဂလန်ပရိသတ်များ၏ အော်ဟစ်မှုအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သတိပေးခံရ

အင်္ဂလန်ပရိသတ်များ၏ အော်ဟစ်မှုအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သတိပေးခံရ
Published 16 July 2018

 

ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ခရိုအေးရှား (၂-၁) အင်္ဂလန်ပွဲတွင် အင်္ဂလန်ပရိသတ်များ အော်ဟစ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အား သတိပေးခဲ့ကြောင်း သိရှိရသည်။

ယင်းပွဲတွင် အင်္ဂလန်ပရိသတ်များက "လက်နက်မချနဲ့" ဟူသော အော်ဟစ်မှုအပါအဝင် နိုင်ငံရေးဆက်နွယ်သည့် အော်ဟစ်မှုအချို့ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဖီဖာက ထုတ်ပြန်သတိပေးခဲ့သောကြေညာချက်တွင် " ခရိုအေးရှား-အင်္ဂလန်ပွဲတွင် ပွဲကြည့်စင်ပေါ် ရှိ အင်္ဂ လန်ပရိသတ်အချို့ထံမှ နိုင်ငံရေးဆက်နွယ်သည့် အော်ဟစ်မှုများ ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြိုင်ဘက်အပေါ် လေး စားမှုမရှိသည့်လုပ်ရပ်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို ဖီဖာစည်းကမ်းပိုင်းဆိုင်ရာပုဒ်မ (၆၇) အရ သတိပေးကြောင်း" ဖော်ပြပါရှိသည်။

ဖီဖာသည် ကမ္ဘာ့ဖလားပွဲစဉ်များတွင် ပရိသတ်များ၏ အော်ဟစ်မှုအတွက် ဆားဘီးယား၊ မက္ကဆီကို၊ အာဂျင်တီးနား အစရှိသော ဘောလုံးအဖွဲ့ချုပ်များကိုလည်း ဒဏ်ငွေများချမှတ်ခဲ့သည်။

Most Read

Most Recent