FIFA ၏ ဥပဒေကို ချိုးဖောက်ပြီး ပယ်နယ်တီကာကွယ်ရန် ဂိုးသမားများ ဂိုးစည်းရှေ့ထွက်ခဲ့ကြောင်း Daily Mail ဖော်ပြ

FIFA ၏ ဥပဒေကို ချိုးဖောက်ပြီး ပယ်နယ်တီကာကွယ်ရန် ဂိုးသမားများ ဂိုးစည်းရှေ့ထွက်ခဲ့ကြောင်း Daily Mail ဖော်ပြ
Published 4 July 2018

 

ပြီးခဲ့သည့် တနင်္ဂနွေညက ၂၀၁၈ က မ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်(၁၆) သင်းအဆင့် ပွဲစဉ်များအဖြစ် ကစားခဲ့ကြသော စပိန်-ရုရှား နှင့် ခရိုအေးရှား-ဒိန်းမတ် ပွဲစဉ်များတွင် ဂိုးသမားများသည် ပယ်နယ်တီကာကွယ်နိုင် ရန်အတွက် ပြိုင်ဘက်ကစားသမားများ ပယ်နယ်တီ မကန်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဥပဒေကို ချိုးဖောက်ကာ ဂိုးစည်း ရှေ့ထွက်ပြီး ကာကွယ်ခဲ့ကြကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖော် ပြခဲ့သည်။

စပိန်-ရုရှားနှင့် ခရိုအေးရှား-ဒိန်းမတ် ပွဲစဉ်များမှာ အချိန်ပိုကစားပြီးသည်အထိ သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြပြီး နှစ်ပွဲပေါင်း ပယ်နယ်တီ (၁၉) လုံး ကန်သွင်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပယ်နယ်တီကန်သွင်းရာတွင် ရုရှားဂိုးသမား အကင်ဖိဗ်၊ ခရိုအေးရှားဂိုးသမား ဆူဗာရှစ်နှင့် ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်တို့သည် ပယ်နယ်တီမကန်မီ ဂိုးစည်း ရှေ့ထွက်ကာ ပယ်နယ်တီများကို ကာကွယ်ခဲ့ကြပြီး စပိန်အသင်းဂိုးသမား ဒီဟေးယား တစ်ဦးတည်းသာ တစ်ကြိမ် ဂိုးစည်းရှေ့ထွက်ခဲ့ပြီး ကျန်အကြိမ်များတွင် ဂိုးစည်းပေါ်တွင် ရှိနေခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအ ဖွဲ့ချုပ်(FIFA)၏ ဥပဒေတွင် " ပယ်နယ်တီ ကာကွယ်မည့် ဂိုးသမားသည် ပယ်နယ်တီ ကန်သွင်းမည့်ကစားသမား မကန်သွင်းမီ ဂိုးတိုင်နှစ်တိုင်ကြား ဂိုးစည်းတွင် ရှိနေရမည်" ဟု ပါရှိသည်။ သို့ရာတွင် အဆိုပါပွဲစဉ်(၂) ပွဲ ၌ ပယ်နယ်တီကန်သွင်းမှု (၁၉)ကြိမ်တွင် ဂိုးသမားများသည် ပယ်နယ်တီမကန်သွင်းမီ ဂိုးစည်းရှေ့ထွက်ကာ (၁၅)ကြိမ်အထိ ကာကွယ်ခဲ့ကြောင်း သိရှိရသည်။

ခရိုအေးရှားအသင်းဂိုးသမား ဆူဗာရှစ်နှင့် ဒိန်းမတ်အသင်းဂိုးသမား ကက်စပါရှမိုက်ကယ်တို့မှာ သူရဲကောင်းများဖြစ်ခဲ့ပြီး ဆူဘာရှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပယ်နယ်တီကန်သွင်းရာ၌ ပယ်နယ်တီ (၃) ကြိမ်အထိ ကာကွယ်နိုင်သည့် ဒုတိယမြောက် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ပယ်နယ်တီကန်သွင်းရာ၌ ဂိုးသမားများအနေဖြင့် ဂိုးစည်းရှေ့ ထွက်လိုက်သည့်အတွက် ကန်သွင်းသူနှင့် ဂိုးသမားတို့အကြား နေရာကျဉ်းသွားသလို ထောင့်များမှာလည်း ကျဉ်းသွားသဖြင့် ဂိုးသမားများအနေဖြင့် ကာကွယ်ရ ပိုမိုလွယ်ကူကြောင်း သိရသည်။

ခရိုအေးရှား (၁-၁) ဒိန်းမတ်ပွဲတွင် အချိန်ပို၌ ရရှိသည့် ပယ်နယ်တီကို ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် ကန်သွင်းရာတွင် ဒိန်းမတ်အသင်းဂိုးသမား ကက်စပါရှမိုက်ကယ်သည် ပယ်နယ်တီ မကန်သွင်းမီ ဂိုးစည်း ရှေ့ထွက်ခဲ့ပြီး ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။

FIFA ဥပဒေတွင် ယင်းအချက်များမှာ တရားဝင်မဟုတ်ဟု ဖော်ပြထားသည်။ ထို့ပြင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗီဒီယိုအကူဒိုင်စနစ်(VAR)ကို အသုံးပြုနေ ခြင်း၊ ပယ်နယ်တီကန်သွင်းချိန်တွင် ဒိုင်လူကြီးများအနေဖြင့် ဂိုးသမားများနှင့် ကိုက်အနည်းငယ်အကွာတွင် ရှိနေပါလျှက်နှင့် အရေးမယူခြင်းကို Daily Mail က မေးခွန်းထုတ်ခဲ့သည်။

Most Read

Most Recent