မက်ဆီထံမှဂျာစီကို တောင်းယူလိုခဲ့သော်လည်း အာဂျင်တီးနားကစားသမားများ၏ စိတ်ဓာတ်ကို မကြိုက်၍ တောင်းဆိုခဲ့ခြင်း မရှိဟု ရီဘစ်ပြောကြား

မက်ဆီထံမှဂျာစီကို တောင်းယူလိုခဲ့သော်လည်း အာဂျင်တီးနားကစားသမားများ၏ စိတ်ဓာတ်ကို မကြိုက်၍ တောင်းဆိုခဲ့ခြင်း မရှိဟု ရီဘစ်ပြောကြား
Published 25 June 2018

 

Photos: YouTube,The Sun

အာဂျင်တီးနား (ဝ-၃) ခရိုအေးရှားပွဲစဉ်တွင် ခရိုအေးရှားအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ရီဘစ်က အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီထံမှဂျာစီကို တောင်းယူလိုခဲ့သော်လည်း အာဂျင်တီးနားကစားသမားများ၏ စိတ်ဓာတ်ကို မကြိုက်၍ တောင်းဆိုခဲ့ခြင်း မရှိကြောင်း ဖွင့်ဟသွားခဲ့သည်။

ရီဘစ်က " ရိုးသားစွာ ဝန်ခံရရင် မက်ဆီရဲ့ ဂျာစီကို ကျွန်တော့်သူငယ်ချင်းအတွက် လိုချင်ခဲ့တာ အမှန်ပါ။ သူက လီယို(မက်ဆီ)ရဲ့ အကြီးစား ပရိသတ်လေ။ ဒါပေမဲ့ အာဂျင်တီးနား ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ကြည့်ပြီး မက်ဆီဆီက သူ့ရဲ့ဂျာစီကိုတောင်းဖို့ ကျွန်တော် လက်လျော့ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရီဘစ်က အာဂျင်တီးနားအသင်းသည် အဆိုပါပွဲစဉ်တွင် ကြမ်းတမ်းစွာကစားခဲ့ပြီး အရှုံးကို လက်ခံနိုင်သည့်အစွမ်းရှိအောင် ကြိုးစားရမည် ဟု ပြောဆိုခဲ့သည်။ " ဒီထက်ပို မျှော်လင့်ခဲ့တာပါ။ ပရီးမီးယားလိဂ်လို ထိပ်တန်းလိဂ်မှာ ကစားနေတဲ့ အော်တာမန်ဒီက မန်ဇူကစ်ကို လူချကစားတယ်။ လဲနေတဲ့ ရာကီတစ်ရဲ့ မျက်နှာကို ဘောလုံးနဲ့ ကန်တယ်။ သူတို့ရဲ့ အပြုအမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အတော် လေး စိတ်ပျက်မိပါတယ်။ အရှုံးကို ဘယ်လိုလက်ခံရမယ်ဆိုတာ သူတို့ သိသင့်ပါတယ်" ဟု ရီဘစ်က ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent