ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမားများ၏ဈေးကွက်တန်ဖိုးတွက်ချက်မှုတွင် ပြင်သစ်အသင်းက အမြင့်ဆုံးဖြစ်နေ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမားများ၏ဈေးကွက်တန်ဖိုးတွက်ချက်မှုတွင် ပြင်သစ်အသင်းက အမြင့်ဆုံးဖြစ်နေ
Published 13 June 2018

 

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများ၏ပြောင်းရွှေ့ကြေး ဈေးကွက်တန်ဖိုးကို တွက်ချက်ရာတွင် ပြင်သစ်အသင်းမှကစားသမား (၂၃) ဦး၏စုစုပေါင်းတန်ဖိုးက အမြင့်ဆုံးဖြစ် နေကြောင်း နာမည်ကြီးဘောလုံးသုတေသနအဖွဲ့ (CIES) က သတင်းထုတ်ပြန်ခဲ့သည်။

CIES သည် ယခုစစ်တမ်းကို တွက်ချက်ရာတွင် ဘောလုံးသမားနှင့် သက်ဆိုင်ရာကလပ်၏စွမ်းဆောင်ရည်အပြင် အသက်၊ စာချုပ်သက်တမ်းကိုလည်း ထည့်သွင်းတွက်ချက် ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားစုစုပေါင်း (၇၃၆) ဦး၏ တစ်ဦးချင်း ပျမ်းမျှ ဈေးကွက်တန်ဖိုးမှာ ယူရို (၁၂ . ၆) သန်းရှိခဲ့သည်။

ယင်းကစားသမားများထဲတွင် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ယူရို (၂၀၁) သန်းဖြင့် ဈေးကွက်တန်ဖိုး အမြင့်ဆုံးဖြစ် နေပြီး နေမာက ယူရို (၁၉၆) သန်းနှင့် ဘာပေ က ယူရို (၁၈၇) သန်းတို့ဖြင့် ထိပ်ဆုံးသုံးဦးစာရင်းတွင် ပါဝင်လျက်ရှိသည်။

အီဂျစ်အသင်း မှ ဆာလာမှာ ဈေးကွက်တန်ဖိုး ယူရို (၁၇၁) သန်းရှိပြီး အီဂျစ်တစ်သင်းလုံးပေါင်းပမာဏ၏ (၇၄) ရာခိုင်နှုန်းအထိ ရှိနေသည်။ ယင်းစစ်တမ်းတွင် ပနားမားအသင်းက ယူရို (၁၅) သန်းဖြင့် အနည်းဆုံး အသင်းဖြစ်ခဲ့ပြီး အောက်ဆုံး သုံးသင်းဖြစ်သည့် ပနားမား၊ ဆော်ဒီအာရေဗျ နှင့် အီရန်အသင်းတို့၌ ဥရောပထိပ်သီးလိဂ် ငါးလိဂ်တွင် ကစားနေသူတစ်ဦးမျှ မပါဝင် ကြောင်း သိရသည်။

အသင်း                          တန်ဖိုး(ယူရို)                               အမြင့်ဆုံးကစားသမား
ပြင်သစ်                            ၁.၄၁ ဘီလျံ                               ဘာပေ (၁၈၇ သန်း)
အင်္ဂလန်                          ၁.၃၉ ဘီလျံ                               ဟာရီကိန်း (၂၀၁ သန်း)
ဘရာဇီးလ်                       ၁.၂၇ ဘီလျံ                                 နေမာ (၁၉၆ သန်း)
စပိန်                                  ၉၆၅ သန်း                                ဆာအူလ် (၁၀၁ သန်း)
အာဂျင်တီးနား                   ၉၂၅ သန်း                                 မက်ဆီ (၁၈၄ သန်း)
ဂျာမနီ                                ၈၉၅ သန်း                                စတီဂန် (၁၀၁ သန်း)
ဘယ်လ်ဂျီယံ                    ၈၃၅ သန်း                               ဒီဘရိုင်းနား (၁၆၇ သန်း)
ပေါ်တူဂီ                             ၆၅၆ သန်း                            စီရော်နယ်လ်ဒို (၁၀၃ သန်း)
ဥရုဂွေး                               ၅၂၉ သန်း                              ဆွာရက်ဇ် (၁၂၀ သန်း)
ခရိုအေးရှား                      ၄၁၆ သန်း                                  ရာကီတစ် (၆၈ သန်း)

Most Read

Most Recent