ယနေ့ညကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 September 2018

အူဒီးနီးစ် နှင့် လာဇီယို (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
အူဒီးနီးစ်ဟာ ခံစစ်စိတ်ကြီးမားရင့်သန်စွာ ပြိုင်ဘက်တွေကို ရင်ဆိုင်နေတယ်။ ဒါမှမဟုတ် Safety First စီမံကိန်းကို ပုံဖော်ရင်း အမှတ်တွေရှာဖွေနေပါတယ်။ အစဉ်အလာအတိုင်း အိမ်ကွင်းမာဂုဏ်ကိုတည်ထောင်ထားနိုင်ဆဲပဲ။ ဒီတော့ ရာသီအစမှာ ဖရိုဖရဲတိုက်စစ်စွမ်းဆောင်ရည်နဲ့ လာဇီယိုအတွက် အူဒီးနီးစ်စမ်းသပ်ခန်းဟာ ပေါ့ဆလို့မရဘူး။ လာဇီယို အနိုင်ရဖို့မလွယ်ဘဲ အူဒီးနီးစ် အမှတ်ရပါလိမ့်မယ်။

အတ္တလန်တာ နှင့် တိုရီနို (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ရာသီသစ်ဟာ အတ္တလန်တာအတွက် ရိုလာကိုစတာနေ့ရက်တွေ၊ စီးရီးအေနဲ့ယူရိုပါလိဂ်ခြေစစ်ပွဲကြား အတ္တလန်တာ အာရုံများခဲ့ပြီးနောက် အိပ်မက်တိမ်းမှောက်ခန်းဟာ မဆုံးနိုင်သေးဘူး။ တိုရီနိုဟာ အဝေးကွင်းမှာ သူတို့ရဲ့ ဖြစ်တန်စွမ်းကို ခပ်မြင့်မြင့်ဆွဲတင်ထားတယ်။ အဝေးကွင်း(၂)ပွဲဆက်မရှုံးအောင် ကစားထားနိုင်လို့ ဒီယုံကြည်စိတ်နဲ့ပဲ အတ္တလန်တာကို တိုရီနို ရဲဝံ့စွာရင်ဆိုင်ပါဦးမယ်။ တိုရီနိုအမှတ်လုယူဦးမလား စောင့်ကြည့်ရမယ်။ အတ္တလန်တာ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

ကာဂလီယာရီ နှင့် ဆမ်ဒိုးရီးယား (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ဆမ်ဒိုးရီးယားရဲ့ ရာသီအစချီတက်နေပုံဟာ အထင်ကြီးချင်စရာမျိုး၊ အဝေးကွင်း(၂)ပွဲမှာ (၅)ဂိုးအထိသွင်းထားတဲ့တိုက်စစ်ပိုင်းဟာလည်း လေးစားချင်စရာပါပဲ။ ဒါပေမဲ့ အစဉ်အလာအရ ကာဂလီယာရီကွင်းမှာ ခက်ခဲတတ်လို့ အမှတ်လျော့မယ်။

ဂျီနိုအာ နှင့် ချီယေဗို (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ကိုယ့်နယ်မြေမှာ ဂျီနိုအာဟာ အောင်ပွဲတွေပုံမှန်ရယူနေတယ်။ ဒါပေမဲ့ ချီယေဗိုကလည်း ရိုးမားကို အဝေးကွင်းမှာသရေကစားနိုင်ခဲ့တဲ့အရှိန်နဲ့ ဂျီနိုအာကိုလည်း စိုးရွံ့နေမှာမဟုတ်ဘူး။ ဂျီနိုအာအနိုင်ရဖို့ရုန်းကန်ရမယ်။ (၁-၁)၊ (၁-ဝ)ဖြစ်နိုင်တယ်။

ဂျူဗင်တပ်စ် နှင့် ဘိုလော့ဂ်နာ (ကြာသပတေးနံနက် ၁း၃၀ နာရီ)


ရာသီတိုင်းမှာ ဘိုလော့ဂ်နာဟာ အဝေးကွင်းအိပ်မက်ဆိုးတွေကြား ရှင်သန်ခဲ့ရပါတယ်။ဒီရာသီမှာလည်း အဝေးကွင်းအိပ် မက်ဆိုးကနေ ဘိုလော့ဂ်နာ ရုန်းထွက်နိုင်ဦးမယ်မထင်ဘူး။ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဂိုးတွေသွင်းပြချင်နေတဲ့ စီရော်နယ်လ်ဒိုရဲ့တိုက်ပွဲဝင်စိတ်ကိုရော ဘယ်လိုတားဆီးမလဲ။ ပွဲဆက်တွေများနေလို့ အဓိကကစားသမားတချို့ကို ဂျူဗင်တပ်စ် အနားပေးမယ်ဆိုရင်လည်း (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

နာပိုလီ နှင့် ပါးမား (ကြာသပတေးနံနက် ၁း၃၀ နာရီ)

စီးရီးအေအထာကို ပါးမား ကောင်းကောင်းသဘောပေါက်ခဲ့ပြီလား။ ဒါမှမဟုတ် အင်တာမီလန်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီးနောက် ယုံကြည်မှုပိုအားကောင်းသွားတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ပါးမားဟာ သူတို့ရှိသမျှတန်ဖိုးကို ပြသနေနိုင်ပါပြီ။ နာပိုလီကရော အန်ဆယ်လော့တီရဲ့ နည်းဗျူဟာပြောင်းလဲရေး လမ်းစဉ်မှာ မတည်မငြိမ်ဖြစ်နေဦးမလား။ ပါးမား အဆိပ်ရှိပေမယ့် အိမ်ကွင်းမှာ နာပိုလီ သေချာပေါက်နိုင်ပါလိမ့်မယ်။

ရိုးမား နှင့် ဖရိုဆီနိုနီ (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ရောမဒါဘီပွဲမတိုင်ခင်မှာ ရိုးမားအနေနဲ့ သက်သောင့်သက်သာအောင်ပွဲကိုကြိုယူထားသင့်ပါတယ်။ ဖရိုဆီနိုနီရဲ့အင်အားဟာ လက်ရှိအချိန်အထိ စီးရီးအေဂုဏ်သိက္ခာနဲ့ မညီညွတ်သေးဘူး။ အသင်း
လိုက် ဖွဲ့စည်းပုံဗဟိုပြုကစားတတ်ပေမယ့် တစ်ဦးချင်းအရည်အသွေးပိုင်းကွာခြားလို့ ရောမမြေမှာ ဖရိုဆီနို နီရဲ့ တစ်မှတ်တန်မျှော်လင့်ချက်ဟာ ခပ်လွယ်လွယ်အရည်ပျော်သွားဦးမှာပဲ။ ရိုးမား (၂)ဂိုးပြတ်နိုင်မယ်။

 

Most Recent