ယုံကြည်စွာဖြင့် ဆက်လက်အားပေးရန် အသင်းပရိသတ်များအား အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး လီဗာပူးလ်နှင့်ပွဲအပြီး တိုက်တွန်း

ယုံကြည်စွာဖြင့် ဆက်လက်အားပေးရန် အသင်းပရိသတ်များအား အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး လီဗာပူးလ်နှင့်ပွဲအပြီး တိုက်တွန်း
Published 29 August 2017

 

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် သြဂုတ် ၂၇ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဓိကပြိုင်ဘက် လီဗာပူးလ်အသင်းအား (ဝ-၄) ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သည့် ပွဲအပြီး၌ ပရိသတ် များအနေဖြင့် အသင်းကို ယုံကြည်စွာဆက်လက်အားပေးရန် တောင်းဆိုခဲ့သည်။

“စိတ်ပျက်စရာပုံစံနဲ့ အရေးနိမ့်ခဲ့ပေမယ့် အသင်းပရိသတ်တွေအနေနဲ့ ကျွန်တော်တို့နဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ တစ်ခုတည်းသော အကြောင်းအရာက ကျွန်တော်တို့ ပြန်လာနိုင်ဖို့ လုပ်ဆောင်ရပါမယ်။ ပြီးတော့ ပရိသတ်တွေကို ပိုမိုဖျော်ဖြေမှုပေးနိုင်ဖို့ပါပဲ”  ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။ သို့သော် ၎င်းက ယခုရှုံးပွဲတွင် အသင်းကစားသွားပုံမှာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်းလည်း ဝန်ခံခဲ့သည်။ အာစင်ဝင်းဂါးသည် ပြီးခဲ့သည့်ရာသီက FA ဖလား ရယူပေးပြီးနောက် အသင်းနှင့် နှစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး နှစ်ပွဲဆက်အရေးနိမ့်မှုကြောင့် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

Most Read

Most Recent