<

ဆာလာရဲ့ဂိုးနဲ့ ရာနှုန်းပြည့် နိုင်ပွဲဆက်တဲ့ လီဗာပူးလ်

Photo: Twitter

■ လီဗာပူးလ် ၁-၀ ဘရိုက်တန်

လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်ကို ဆာလာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်မှာ ရာခိုင်နှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပါတယ်။

ကလော့ပ်ဟာ ပြီးခဲ့တဲ့ (၂)ပွဲက လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဒီပွဲမှာလည်း အဲဒီအတိုင်းပဲ ပွဲထုတ်ခဲ့ပါတယ်။ ဘရိုက်တန်ကတော့ လီဗာပူးလ်ဆီက တစ်မှတ်ရဖို့အတွက် ခံစစ်ကို ပိုမိုအားပြုတဲ့ (၄-၅-၁)ကစားကွက်ကို အသုံးပြုခဲ့ပြီး မာရေးကို အထောင်ထားကာ အဓိက ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစတည်းက ဂိုးရအောင် ဖိကစားခဲ့ပြီး ဘရိုက်တန်ကတော့ ခံစစ်ကို ကျစ်ကျစ်လစ်လစ်ကစားခဲ့ပါတယ်။ ဒါကြောင့် ပွဲအစပိုင်းမှာ လီဗာပူးလ်တို့ ထိုးဖောက်ရခက်ခဲ့ပြီး ဂိုးရဖို့ ရုန်းကန်ခဲ့ရသလို ဘရိုက်တန်ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း လီဗာပူးလ်နောက်ခံလူတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် (၂၃)မိနစ်မှာတော့ လီဗာပူးလ်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဘရိုက်တန်ကစားသမားဆီက မီလ်နာအတင်းဝင်လုပြီး ကီတာကို ပေး၊ ကီတာက တစ်ဆင့် ဖေမီနို၊ ဖေမီနို ချပေးတာကို ပြေးဝင်လာတဲ့ ဆာလာက ဂိုးသမားရဲ့ ညာဘက်ထောင့်ကို မြေလှိမ့်ဘော လှလှကန်သွင်းပြီး ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ ဆာလာအတွက် အန်ဖီးလ်မှာ ကစားတဲ့ (၂၉)ပွဲမှာ (၂၉)ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

Photo: Reuters

ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ ဘရိုက်တန် အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိလို့ လီဗာပူးလ်တို့ သက်သာခဲ့ပါတယ်။ လီဗာပူးလ်ဘက်ကလည်း ဆာလာ၊ မာနေး၊ ကီတာတို့ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ ကလော့ပ်ဟာ ဟန်ဒါဆန်၊ စတာရစ်ခ်ျစတဲ့ ကစားသမားတွေကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒါပေမဲ့ မာထန်တဲ့ ဘရိုက်တန်နောက်တန်းကို ဂိုးထပ်သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ပွဲပြီးခါနီး ပွဲချိန် (၈၉)မိနစ်မှာ ထောင့်ကန်ဘောကနေ မွန်တိုယာ ဖန်တီးပေးတာကို ဂေါ့ဘ် အပိုင်ခေါင်းတိုက်ချက် ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမား အယ်လစ်ဆန် လက်စွမ်းပြကာကွယ်ခဲ့လို့ လီဗာပူးလ်တို့ သက်သာရခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာ လိုချင်တဲ့အနိုင်ရမှတ်ကို ယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အတွက် ကျေနပ်စရာဖြစ်ခဲ့တာက ဈေးကြီးပေးခေါ်ယူထားတဲ့ ဂိုးသမား အစ်လစ်ဆန် လက်စွမ်းပြနိုင်ခဲ့တာနဲ့ မန်စီးတီးအမှတ်ဆုံးရှုံးချိန်မှာ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

■ ယနေ့ယှဉ်ပြိုင်မည့် ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃)
—————————-
ဝုလ်ဗ် ၁-၁ မန်စီးတီး
ဘုန်းမောက် ၂-၂ အဲဗာတန်
အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း
ဟတ်ဒါဖီးလ် ၀-၀ ကာဒစ်ဖ်
ဆောက်သမ်တန် ၁-၂ လက်စတာ
လီဗာပူးလ် ၁-၀ ဘရိုက်တန်

 

လာလီဂါပွဲစဉ် (၂)
——————-
အလာဗတ်စ် ၁-၀ ဘက်တစ်

စီးရီးအေပွဲစဉ် (၂)
——————-
ဂျူဗင်တပ်စ် ၂-၀ လာဇီယို

ဘွန်ဒစ်လီဂါပွဲစဉ် (၁)
———————–
ဟာသာဘာလင် ၁-၀ နုရင်ဘတ်
ဝါဒါဘရီမင် ၁-၁ ဟန်နိုဗာ
ဖရိုင်းဘတ် ၀-၂ ဖရန့်ဖတ်
ဝုလ်ဖ်ဘတ် ၂-၁ ရှော်လ်ကေး
ဒစ်ဆယ်ဒေါ့ဖ် ၁-၂ အော့စ်ဘတ်
မိုချန်ဂလာဘတ် ၂-၀ လေဗာကူဆင်

လီဂူးပွဲစဉ် (၃)
—————-
PSG ၃-၁ အန်ဂါစ်

 

လိဂ်ချန်ပီယံရှစ် (၅)
———————
အက်စတွန်ဗီလာ ၁-၁ ရက်ဒင်း
ဘလက်ဘန်း ၁-၀ ဘရန့်ဖို့ဒ်
ဘော်လ်တန် ၀-၃ ရှက်ဖီးယူနိုက်တက်
ဒါဘီ ၂-၀ ပရက်စတန်
နောဝစ်ခ်ျ ၀-၃ လိဒ်စ်
QPR ၁-၀ ဝီဂန်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ အစ်ဝစ်ခ်ျ
စတုတ်စီးတီး ၂-၀ ဟားလ်စီးတီး
ဆွမ်ဆီး ၀-၁ ဘရစ္စတိုးလ်စီးတီး
နော်တင်ဟမ် ၂-၂ ဘာမင်ဂမ်

 

August 26, 2018














Copy Protected by Chetan's WP-Copyprotect.