မြန်မာကစားသမားများကို ဗီယက်နမ်ကစားသမားများ အားပေး

မြန်မာကစားသမားများကို ဗီယက်နမ်ကစားသမားများ အားပေး
Published 26 August 2017

ဗီယက်နမ်ကစားသမားများသည် ဆီမီး ဖိုင်နယ်တွင် ထိုင်းအသင်းနှင့် ကစားရမည့် မြန်မာအသင်းအား လူမှုကွန်ရက်မှတစ်ဆင့် အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  ဗီယက်နမ်ကစားသမားများသည် ဆီမီး ဖိုင်နယ်တွင် ထိုင်းအသင်းနှင့် ကစားရမည့် မြန်မာအသင်းအား လူမှုကွန်ရက်မှတစ်ဆင့် အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်ကစားသမားအချို့သည် အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းအသင်းကို ဂိုး ပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသော ကြောင့် ထိုင်းနှင့်တွေ့ဆုံမည့် မြန်မာအသင်း ကို အားပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  ဗီယက်နမ်ကစားသမားများသည် မြန်မာ ကစားသမားအချို့ကို Tagတွဲကာ အားပေး ထားခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက် နမ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဆီးဂိမ်းစ် ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွင် တွေ့ဆုံခဲ့ပြီး မြန်မာ အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဗီယက်နမ်အသင်းသည် ယခုပြိုင်ပွဲတွင် အုပ်စုအဖွင့်ပွဲများတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့သော်လည်း နောက်ဆုံးပွဲတွင် ထိုင်း အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ဗီယက်နမ်အသင်း သည် ယခုပြိုင်ပွဲတွင် ထိုင်းအသင်းထက်ပင် ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း မထင် မှတ်သည့်ရလဒ်ကြောင့် အုပ်စုအဆင့်မှ ထွက် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent