ပယ်နယ်တီဂိုးနဲ့ တောင်ကိုရီးယားကို ဆွီဒင်အသင်းအနိုင်ရ

ပယ်နယ်တီဂိုးနဲ့ တောင်ကိုရီးယားကို ဆွီဒင်အသင်းအနိုင်ရ
Published 19 June 2018

Photo: worldcuptwitter

ဆွီဒင် ၁-၀ တောင်ကိုရီးယား

ဆွီဒင်အသင်းက တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ပွဲနဲ့ အဖွင့်လှခဲ့ပါတယ်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းကို အဖွင့်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား(၇)ကြိမ်စလုံး အဖွင့်ပွဲမှာ အနိုင်မရခဲ့တဲ့ ဆွီဒင်အသင်း ရုရှားမြေမှာ တာထွက်ကောင်းခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းမှာ ဆွန်ဟောင်မင် ဦးဆောင်ပြီး ဆွီဒင်အသင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် ခြေစွမ်းချင်းကွာခြားခဲ့ပါတယ်။

တိုက်စစ်ရော ခံစစ်မှာပါ ဆွီဒင်အသင်းကို မယှဉ်နိုင်ခဲ့ဘဲ ဆွီဒင်အသင်းရဲ့တိုက်စစ်ပိုင်းကသာ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ရင် ဂိုးပြတ်သွားနိုင်တဲ့အနေအထားပါ။

ဒါပေမဲ့ မားကပ်စ်ဘာ့ဂ်ရဲ့ လွဲချော်မှုတွေကြောင့် ဆွီဒင်အသင်း ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး (၆၅)မိနစ်မှာတော့ ကလက်ဆန်ကို ကင်မင်ဝူ တားဆီးရာမှာ VAR နဲ့ပြန်ကြည့်ပြီး ဆွီဒင်အသင်းကို ပယ်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

ဒီပယ်နယ်တီကို အသင်းခေါင်းဆောင်ဂရန်းဗစ်က တစ်လုံးတည်းသောအနိုင်ဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

 

Most Read

Most Recent