၂၀၁၈ MNL ပွဲစဉ် (၉)တွင် ရန်ကုန်နှင့်ရှမ်းတို့ အနိုင်ရပြီး စစ်ကိုင်းနှင့်ဆောက်သမ်းသရေကျ

၂၀၁၈ MNL ပွဲစဉ် (၉)တွင် ရန်ကုန်နှင့်ရှမ်းတို့ အနိုင်ရပြီး စစ်ကိုင်းနှင့်ဆောက်သမ်းသရေကျ
Published 1 April 2018

၂၀၁၈ MPT MNL ပွဲစဉ်(၉) ဒုတိယနေ့ပွဲစဉ်များကို မတ်လ(၃၁)ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းအသင်းတို့ အနိုင်ရခဲ့ပြီး စစ်ကိုင်းနှင့် ဆောက်သမ်းမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

Photo - Kaung Htet Aung

ရန်ကုန်မြို့သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ရန်ကုန်နှင့် မြဝတီနှင့် တို့၏ပွဲစဉ်တွင် ရန်ကုန်အသင်းက အကြိတ်အနယ်ကစားပြီးပွဲချိန်(၇၅)မိနစ်တွင် အီမန်နူရယ်၏သွင်းဂိုးဖြင့် (၁-ဝ)ဂိုးဖြင့်အနိုင်ရခဲ့သည်။ တောင်ကြီးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် အိမ်ရှင် ရှမ်းက ရခိုင်အသင်းကို (၂-ဝ)ဖြင့်အနိုင်ရခဲ့ပြီ်းအနိုင်ဂိုးများကို ဇင်မင်းထွန်းနှင့် ဒွေးကိုကိုချစ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့တွင်ယှဉ်ပြိုင်ကစားခဲ့သော စစ်ကိုင်းယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာတို့၏ပွဲစဉ်တွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

Most Read

Most Recent