ချန်ပီယံလိဂ် Play-off အဆင့်(ပထမအကျော့) ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် Play-off အဆင့်(ပထမအကျော့) ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Published 15 August 2017

Photo:Wikipedia

■ ကာရာဘတ် - FC ကိုပင်ဟေဂင် (မြန်မာစံတော်ချိန် ၁၅-၈-၂၀၁၇ ည ၁၀း၃၀)

ကာရာဘတ်က ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်မှာ ခြေစွမ်း ပြခဲ့သလို၊ ကိုပင်ဟေဂင်ကလည်း အသင်းကောင်းတစ်သင်းပါ။
ခြေစွမ်းအရ ကိုပင်ဟေဂင် ပိုကောင်းပြီး ကာရာဘတ်ကတော့ အိမ်ကွင်းကောင်းပါတယ်။ သရေပွဲပါ။

■ အပိုးလ်နီကိုးရှား - ဆလားဗီးယားပရပ်ဂ် (မြန်မာစံတော်ချိန် ၁၆-၈-၂၀၁၇ နံနက် ၁း၁၅)

ဒီပွဲကလည်း အဖက်ဖက်က မျှတနေတဲ့ပွဲတစ်ပွဲပါ။ အ ပိုးလ်နီးကိုးရှားက အိမ်ကွင်းရလဒ်ကောင်းပြီး၊ ဆလားဗီးယား ပရပ်ဂ်က
အသင်းလိုက်အနည်းငယ်သာပါတယ်။ သရေကျဖို့ များပြီး နိုင်ရင်တော့ ပရပ်ဂ်ကို ကြိုက်တယ်။

■ ယန်းဘွိုင်းစ် - CSKA မော်စကို (မြန်မာစံတော်ချိန် ၁၆-၈-၂၀၁၇ နံနက် ၁း၁၅)

ခြေစွမ်းမျှပြီး စိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲပါ။ ယန်းဘွိုင်းစ်ရဲ့နောက်ပိုင်းပွဲတွေက အပြန်အလှန်ဂိုးတွေများတာတွေ့ရတယ်။ CSKA ကလည်း
ချန်ပီယံလိဂ်အတွေ့အကြုံရင့်အသင်းတစ်သင်းဖြစ်လို့ သရေကျဖို့များပြီး ဂိုးလည်းများနိုင်တယ်။

■ ဟော်ဖန်ဟင်မ် - လီဗာပူးလ် (မြန်မာစံတော်ချိန် ၁၆-၈-၂၀၁၇ နံနက် ၁း၁၅)

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက အုပ်စုအဆင့်ကို တက်ရောက်ဖို့အတွက် အလေးသာနေတဲ့အသင်းဖြစ်ပြီး လီဗာပူးလ် ရဲ့ ရာသီကြိုခြေစွမ်းနဲ့
ပရီးမီးယားလိဂ် ရာသီအဖွင့်ခြေစွမ်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဟော်ဖန်ဟင်မ်ရဲ့ ရာသီ ကြို ရလဒ်တွေကလည်း ကောင်းပါတယ်။
ဒါပေမဲ့ ဒါဘီ၊ ဘိုလေ့ာဂ်နာတို့ကို အနိုင်ယူခဲ့တာလောက်နဲ့တော့ အရမ်းအထင်ကြီး လို့မရဘူး။ လီဗာပူးလ်အသင်းက ပိုမိုအင်အားတောင့်တင်းပြီး
ပုံရိပ်ကြီးမားတဲ့အသင်းဖြစ်သလို၊ ဥရောပ အတွေ့အကြုံက လည်း စကားပြောတယ်။ ပြီးတော့ မာနေ-ဖေမီနို-ဆာလာအတွဲကလည်း ဂိုးရဖို့ မပူရတဲ့အနေအထားမှာ ရှိတယ်။ ဟော်ဖန်ဟင်မ် အသင်းရဲ့ကွင်းဆိုပေမယ့် လီဗာပူးလ်အတွက် အခက်အခဲအများကြီး မရှိနိုင်ဘူး။ နောက်တစ်ဆင့်တက်ဖို့အတွက်
လိုအပ်တဲ့ ရလဒ်ကို ဟော်ဖန်ဟင်မ်အသင်းရဲ့ ကွင်းမှာတင် ယူသွားနိုင်တယ်လို့လည်း ထင်တယ်။ လီဗာပူးလ် နိုင်ဖို့များပြီး (ဝ-၁၊ ၁-၂) ရလဒ်တွေကို ကြိုက်ပါတယ်။

■ စပို့တင်းလစ္စဘွန်း - စတူအာဘူခါရတ် (မြန်မာစံတော်ချိန် ၁၆-၈-၂၀၁၇ နံနက် ၁း၁၅)

လစ္စဘွန်းက ပေါ်တူဂီလိဂ်အဖွင့်ပွဲမှာ (၂-ဝ)ဂိုးနဲ့နိုင်ထား တယ်။ ဟော်ဖန်ဟင်မ်၊ နိုက်စ်တို့ကိုရှောင်ပြီး စတူအာဘူခါရက် နဲ့ လာတွေ့တာက သူတို့အတွက် ကံကောင်းတယ်ပဲပြောရမယ်။
ဒီနှစ်သင်းက ဥရောပမှာ အဆင့်တော့ကွာပါတယ်။ စပို့တင်း လစ္စဘွန်း အနိုင်သေချာတယ်။

Most Read

Most Recent