အသင်းဟောင်းအား ဂယ်ရီမက်ဆန် ဝေဖန်

အသင်းဟောင်းအား ဂယ်ရီမက်ဆန် ဝေဖန်
Published 22 March 2018

 

Photo: Express

 

ဝက်စ်ဘရွန်းအသင်း၏ နည်းပြဟောင်း ဖြစ်သူ ဂယ်ရီမက်ဆန်က ဝက်စ်ဘရွန်းအသင်းသည် ပရီးမီးယားလိဂ်တန်းဆင်းဇုန်တိုက်ပွဲကို စောစောစီးစီးအရှုံးပေးခဲ့သည်ဟု ဝေဖန် ပြောကြားခဲ့သည်။

ဝက်စ်ဘရွန်းအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၂) နောက်ပိုင်း နိုင်ပွဲ(၁)ပွဲသာရှိခဲ့ပြီး နောက်ဆုံး (၇)ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ကာ ဇယား အောက်ခြေ အဆင့်(၂၀)နေရာသို့ ရောက်ရှိ နေသည်။

သို့ဖြစ်ရာ ဝက်စ်ဘရွန်းအသင်းအား ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ယာယီတစ်ကြိမ်ကိုင်တွယ်ဖူးသည့် ဂယ်ရီမက်ဆန်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent