FA ဖလား ဆီမီးဖိုင်နယ်တွင် မန်ယူနှင့် စပါး၊ ချယ်လ်ဆီးနှင့် ဆောက်သမ်တန်တို့ ဆုံတွေ့

FA ဖလား ဆီမီးဖိုင်နယ်တွင် မန်ယူနှင့် စပါး၊ ချယ်လ်ဆီးနှင့် ဆောက်သမ်တန်တို့ ဆုံတွေ့
Published 19 March 2018

FA ဖလားဆီမီးဖိုင်နယ်ပွဲ များအတွက် မဲခွဲခြင်းကို ဝင်ဘ လေကွင်းတွင် ပြုလုပ်ခဲ့ရာ
မန်ယူ နှင့်စပါး၊ ချယ်လ်ဆီးနှင့် ဆောက် သမ်တန်အသင်းတို့ ဆုံတွေ့မည် ဖြစ်ကြောင်း သိရသည်။

မန်ယူနှင့် စပါးအသင်းတို့ သည် ဧပြီလ(၂၁)ရက်တွင် ဆီမီ ဖိုင်နယ်ပွဲအဖြစ် ဝင်ဘလေကွင်း ၌
ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဝင် ဘလေကွင်းမှာ ယခုရာသီတွင် စပါးအသင်း၏
အိမ်ကွင်းအဖြစ် အသုံးပြုလျက်ရှိနေသည်။

အခြားဆီမီးဖိုင်နယ်ပွဲစဉ် တွင် လက်စတာကို ကျော်ဖြတ်ခဲ့ သည့် ချယ်လ်ဆီးအသင်းနှင့်
ဝီ ဂန်အား အနိုင်ရခဲ့သည့် ဆောက် သမ်တန်အသင်းတို့ ဆုံတွေ့ရ မည်ဖြစ်သည်။
ချယ်လ်ဆီးနှင့် ဆောက်သမ်တန်အသင်းတို့သည် ယခုရာသီ ပရီးမီးယားလိဂ်တွင်
စတမ်းဖို့ဒ်ဘရစ်ချ်၌ ပထမအ ကျော့သာ ယှဉ်ပြိုင်ကစားရသေး ပြီး ချယ်လ်ဆီးအသင်းက
မားကို့စ် အလွန်ဆို၏ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ချယ်လ်ဆီးနှင့်ဆောက်သမ်တန်အသင်းတို့၏ပွဲကို
ဧပြီ (၂၂)ရက်တွင် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

REF:Goal.com
Photo:Telegraph

Most Read

Most Recent